တေးရေးတေးဆို Leonard Cohen အကြောင်း ဇာတ်လမ်းတွဲတစ်ခုထုတ်လုပ်သွားမည်
ဧပြီ ၁၃၊ ၂၀၂၃။
◼ DC ပရိသတ်တွေရဲ့အကြိုက်ဆုံးရုပ်ရှင်တစ်ကားဖြစ်တဲ့ Snyder Cut ခေါ် Zack Snyder's Justice League ရုပ်ရှင်ရဲ့ teaser မှာ အသုံးပြုခဲ့တဲ့ Hallelujah သီချင်းဟာ ၁၉၈၄ မှာ ကနေဒါအဆိုတော် Leonard Cohen ရေးသားဖန်တီးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
◼ နော်ဝေးကုမ္ပဏီ NRK နဲ့ ကနေဒါကုမ္ပဏီ Bell Media တို့ဟာ တေးရေးတေးဆို Leonard Cohen နဲ့ သူ့ချစ်သူ နော်ဝေးစာရေးဆရာမ Marianne Ihlen တို့အကြောင်းကို So Long, Marianne ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ်ထုတ်လုပ်သွားမှာဖြစ်ကြောင်း Variety သတင်းအရသိရပါတယ်။ So Long, Marianne ဟာ Leonard Cohen က ချစ်သူ Marianne Ihlen အတွက် ရေးသားသီဆိုပေးထားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပြီး ဇာတ်လမ်းတွဲရဲ့နာမည်ဟာ အဲဒီသီချင်းကိုအခြေခံပြီးပေးထားတာပါ။
◼ So Long, Marianne မှာ Jumaji နဲ့ A Quiet Place: Day One သရုပ်ဆောင် Alex Wolff က Leonard Cohen အဖြစ်၊ The Last Kingdom နဲ့ Delete Me သရုပ်ဆောင် Thea Sofie Loch Næss က Marianne Ihlen အဖြစ် ပါဝင်ထားကြပြီး The Last of Us သရုပ်ဆောင် Anna Torv က Charmian Clift အဖြစ် နဲ့ Peaky Blinders သရုပ်ဆောင် Noah Taylor က George Johnston အဖြစ်လည်း ပါဝင်သရုပ်ဆောင်ကြဦးမှာပါ။
◼ ရိုက်ကူးရေးကို ဂရိနိုင်ငံ၊ ဟိုက်ဒရာကျွန်းမှာ မတ် ၂၄ ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပြီး အဲဒီနေရာဟာ Leonard Cohen နဲ့ Marianne Ihlen တို့ ပထမဆုံးစတွေ့ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ကနေဒါသားနဲ့ နော်ဝေးသူတို့ ဂရိမှာဆုံတွေ့ကြတာပါ။
◼ So Long, Marianne ဟာ ၁၉၆၀ ကာလက Leonard Cohen နဲ့ Marianne Ihlen တို့ရဲ့ ဘဝတစ်စိတ်တစ်ဒေသကိုအဓိကပြသမှာဖြစ်ပါတယ်။ ဇာတ်လမ်းတည်ဆောက်မှုကို Ingeborg Klyve (“Exit”) နဲ့ Tony Wood (“Irvine Welsh’s Crime”) တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဇာတ်ညွှန်းကို Øystein Karlsen (“Dag”) နဲ့ Jo Nesbø (“Harry Hole”) တို့က ရေးသားထားတာပါ။
◼ ပြသရက်ကိုတော့မသိရသေးပါဘူး။
ပုံစာ (ဝဲမှယာ) - Alex Wolff, Leonard Cohen, Thea Sofie Loch Næss
Ref: Variety
McGarrett ရေးသည်။
0 Comments