Porpular

6/recent/ticker-posts

Mighty Morphin Power Rangers: Once and Always (2023) | အထင်အမြင်

Mighty Morphin Power Rangers: Once and Always (2023) | အထင်အမြင်

ဧပြီ ၂၁၊ ၂၀၂၃။

◼ Mighty Morphin Power Rangers: Once and Always ဟာ Mighty Morphin Power Rangers နှစ်သုံးဆယ်ပြည့် ဂုဏ်ပြု Televison Film တစ်ခုဖြစ်ပါတယ်။ Mighty Morphin Power Rangers: Once and Always ကို Dino Charge, Ninja Steel နဲ့ Dino Fury ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ Becca Barnes နဲ့ Alwyn Dale တို့က ရေးသားပေးထားတာဖြစ်ပြီး Power Rangers: Super Mega Force ရဲ့ Legendary Battle အပိုင်းက ဒါရိုက်တာ Charlie Haskel က ရိုက်ကူးပေးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ MMPR အဖွဲ့တွေချေမှုန်းခဲ့တဲ့ Rita Repulsa ဟာ Robot ပုံစံနဲ့ ပြန်လည်ရောက်လာပြီး MMPR တွေကို ကလဲ့စားချေပြီး ကမ္ဘာကိုတစ်ကြော့ပြန်တိုက်ခိုက်ဖို့စီစဥ်ပုံနဲ့ MMPR တွေက ဒါကိုပြန်တားကြပုံကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။

◼ ပထမဆုံးပြောချင်တာကတော့ Power Rangers Televison Film တစ်ခုအနေနဲ့ ပြစ်ချက်တစ်စုံတစ်ရာမရှိပေမယ့် နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်ရုပ်ရှင်အနေနဲ့ဆိုရင်တော့ တော်တော်လေးပေါ့တိပေါ့ဆရှိတယ်လို့ပြောချင်ပါတယ်။ Jason David Frank ကလွဲလို့ Amy Jo Johnson နဲ့ Austin St. John တို့ ပြန်ပါမလာတာ အတော်လေးကိုရုပ်ပေါက်ပါတယ်။ အနည်းဆုံး MMPR နဲ့ Saben Era ရဲ့ icon အသေးစားတွေဖြစ်တဲ့ Bulk နဲ့ Skull တော့ ပြန်သုံးပေးသင့်တာပါ။ ဒီရုပ်ရှင်က ဆုံးပါးသွားတဲ့ MMPR သရုပ်ဆောင် Thuy Trang ကို ဂုဏ်ပြုတဲ့ရုပ်ရှင်အနေနဲ့ နာမည်တပ်လိုက်မယ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါလိမ့်မယ်။ MMPR တစ်ခုလုံးကို ကိုယ်စားပြုလောက်တဲ့အထိတော့ ဇာတ်လမ်းကမကောင်းပါဘူး။

◼ ကောင်းတဲ့အချက်တွေကိုပြောပါဆိုရင် မူလ MMPR ရဲ့ အငွေ့အသက်တွေကိုပြန်ပြီးစနစ်တကျအသုံးပြုထားတာကိုတွေ့ရတယ်၊ ဥပမာ Zack ရဲ့ break-dance ချကွက်တွေ။ Juice Bar ကို ပြန်ပြထားတဲ့အကွက်တွေပေါ့။ Megazord အသုံးပြုမှုတွေ၊ Saben Era က Power Rangers Easter egg အသုံးပြုမှုတွေကလည်း စနစ်တကျရှိတယ်လို့ပြောလို့ရပါတယ်။

◼ ဇာတ်လမ်းအပိုင်းမှာ Super Mega Force တို့၊ Dino Fury တို့၊ Ninja Steel တို့ကလူတွေပါကတည်းက သိလိုက်ခဲ့သင့်တာပါ။

◼ အချုပ်ပြောရရင် MMPR ဂုဏ်ပြုအနေနဲ့ အရမ်းမကောင်းပဲနဲ့ သရုပ်ဆောင်လိုအပ်မှုတွေရှိနေတယ်။ Turbo Movie, MMPR Movie တွေနဲ့ယှဥ်ရင် VFX ပိုင်း ကောင်းလာတာကလွဲလို့ ဇာတ်လမ်းအားနည်းတယ်။ အနည်းဆုံး Green Ranger ရဲ့ Dragonzord ကိုတောင် ထည့်သုံးပေးမထားဘူး။ မနိုင်ပဲရိုက်ထားတယ်လို့ပြောချင်ပေမယ့်လည်း Thuy နဲ့ JDF ကို အပြည့်အဝဂုဏ်ပြုပေးထားတဲ့အတွက် လိုအပ်ချက်ရှိတယ်လို့ပဲပြောလို့ရတယ်၊ ထင်ထားသလောက်ရင်ထဲရောက်မှာမဟုတ်ဘူး လို့ပဲ ပြောပါရစေ။

MVE Score: 6/10

McGarrett ရေးသည်။



Post a Comment

0 Comments