The Godfather သုံးကားတွဲထဲက Al Pacino ပိုသဘောကျတဲ့တစ်ကား
ဧပြီ ၂၄၊ ၂၀၂၃။
◼ ဒါရိုက်တာ Francis Ford Coppola ရဲ့ The Godfather သုံးကားတွဲဟာ ဟောလိဝုဒ်ရဲ့ရုပ်ရှင်သမိုင်းမှာ မှတ်တမ်းတစ်ခု၊ စံချိန်တစ်ခုချိုးပြနိုင်ခဲ့တဲ့ရုပ်ရှင်ကားတွေဖြစ်ပါတယ်။ အဲဒီသုံးကားစလုံးမှာ သရုပ်ဆောင် Al Pacino က အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Michael Corleone အဖြစ်ပါဝင်ခဲ့ပါတယ်။
◼ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ People Who Inspire Us ဆိုတဲ့ အစီအစဥ်မှာ The Godfather I နဲ့ The Godfather II မှာ ဘယ်တစ်ခုကိုပိုသဘောကျလဲ ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ အဲဒီမေးခွန်းအပေါ် Al Pacino က
"သိလား၊ The Godfather က ပိုပြီးဖျော်ဖြေရေးဆန်တယ်ဗျ။ Godfather II ကျတော့ Francis Coppola အတွက် လေ့လာမှုတစ်ရပ်ပိုဆန်တယ်။ Godfather I က ကျွန်တော်ပြန်ကြည့်ထားတာမကြာသေးဘူး၊ တစ်ခန်းတည်းမှာအမြဲလိုလိုနှစ်ခုသုံးခုဖြစ်သွားတယ်။ ဇာတ်လမ်းထဲမှာ ခင်ဗျားအမြဲပါတယ်၊ ခင်ဗျားကလုပ်ပြနေတာလေ။ ဘာဆက်ဖြစ်မယ်ဆိုတာခင်ဗျားမသိဘူး၊ သူ့ရဲ့ဇာတ်လမ်းတင်ဆက်မှုက အကောင်းဆုံးပဲ။ Godfather II ကျတော့ နည်းနည်းလေးဇာတ်လမ်းပိုရှည်တယ်၊ ထူးခြားတယ်၊ ကြေကွဲလေးနက်တယ်၊ ဖြေးဖြေးချင်းတင်ဆက်တယ်။ ဒါပေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။" လို့ ပြောလာပါတယ်။
◼ The Godfather II မှာ Don Vito Corleone ရဲ့ ငယ်ဘဝကိုလည်းပြသထားတာဖြစ်ပြီး Don Vito Corleone ရဲ့ ငယ်ဘဝနေရာကို သရုပ်ဆောင် Robert DeNiro က သရုပ်ဆောင်ထားပါတယ်။
Ref: THR
Sub-Zero ရေးသည်။
0 Comments