ဟောလိဝုဒ်ကနေ ထွက်သွားပြီလို့သတင်းထွက်နေတဲ့ သရုပ်ဆောင် Amber Heard
မေ ၅၊ ၂၀၂၃။
◼ ဒီနေ့အတွက် ထူးခြားတဲ့ သတင်းတစ်ပုဒ်က ဟောလိဝုဒ်ရဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Amber Heard ဟာ ဟောလိဝုဒ်ကနေ ထွက်ခွာပြီး နေရာအသစ်တစ်ခုကို ပြောင်းရွှေ့ဖို့ စီစဥ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းများ ထွက်ရှိလို့ လာနေပါတယ်။
◼ ဒီသတင်းက Amber Heard နဲ့ နီးစပ်တဲ့လူတွေဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး ၎င်းတို့ရဲ့ ပြောပြချက်အရ Amber Heard ဟာ သူ(မ)ရဲ့ သမီးဖြစ်သူနှင့်အတူ စပိန်နိုင်ငံဘက်ကို အခြေချဖို့ ကြိုးပမ်းနေပြီး သူ(မ)ရဲ့သမီးကို ဟောလိဝုဒ်ရဲ့ အတင်းအဖျင်းတွေကနေ ဝေးရာနေရာမှာ ပြုစု ပျိုးထောင်လိုတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
◼ Amber Heard နဲ့ နီးစပ်သူလို့ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ကတော့ Amber Heard ဟာ ဟောလိဝုဒ်ကို ခဏတာကျောခိုင်းလာရုံသာဖြစ်ပြီး အချိန်တန်ရင်ရုပ်ရှင်ပြန်ရိုက်သွားမှာဖြစ်တယ်လို့ ပြောလာပါသေးတယ်။
◼ Amber Heard ဘက်ကတော့ ဒီအကြောင်းအရာအတွက် တစ်စုံတစ်ရာဖြေရှင်းတုံ့ပြန်ခြင်းမရှိသေးပါဘူး။
◼ Amber Heard ဟာ ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp နဲ့ တရားရင်ဆိုင်ခဲ့ပေမယ့်လည်း အမှုရှုံးခဲ့ပြီး သူ(မ)ရဲ့ ဂုဏ်သိက္ခာဟာလည်း ကျဆင်းသွားခဲ့သလို ရုပ်ရှင်ပရိသတ်တွေရဲ့ ကျဥ်ဖယ်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဟောလိဝုဒ်က သူ(မ)အတွက် သူစိမ်းပြင်ပြင်ဖြစ်နေပြီး သူ(မ) လုပ်ခဲ့သမျှ မကောင်းမှုတွေက သူ(မ) ရဲ့ သမီးအပေါ် ကျရောက်လာမှာကို စိုးရိမ်နေပုံ ပေါ်ပါတယ်။
◼ သို့ပေမယ့် ဒီဇင်ဘာမှာရုံတင်မယ့် DC ရုပ်ရှင် Aquaman and the Lost Kingdom မှာ Amber Heard ပြန်လည်ပါဝင်လာတာကိို CinemaCon 2023 မှာ အများစုက မြင်တွေ့ရသလို အဲဒီလိုပါဝင်လာမှုကြောင့် ပရိသတ်တွေလည်း အဆိုးမြင် ဝေဖန်မှုတွေကလည်း မြင့်တက်ခဲ့ပါသေးတယ်။
Ref: Daily Mail UK
Loki ရေးသည်။
0 Comments