Porpular

6/recent/ticker-posts

Russo ညီနောင်ရဲ့ Citadel ဟာ အဖွင့်အလှဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာ



Russo ညီနောင်ရဲ့ Citadel ဟာ အဖွင့်အလှဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာ


မေ ၆၊ ၂၀၂၃။

◼ Avengers: Infinity War နဲ့ Endgame ဒါရိုက်တာညီနောင် Joe Russo နဲ့ Anthony Russo တို့ရဲ့ action spy thriller ဇာတ်လမ်းတွဲ Citadel ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ကနေစတင်ပြီး Amazon Prime မှာ အပိုင်းနှစ်ပိုင်းနဲ့ စတင်ပြသနေပြီဖြစ်ပါတယ်။

◼ Amazon Studios ဥက္ကဌ Jennifer Salke ရဲ့ တရားဝင် Instagram အကောင့်ကနေ ရေးသားထားတဲ့ပို့စ်တစ်ခုအရ Citadel ဟာ ကမ္ဘာတဝှမ်းကြည့်ရှုမှုအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာသလို အဖွင့်အလှဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် Citadel ရဲ့ တရားဝင် Twitter စာမျက်နှာမှာလည်း Citadel ဟာ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေနှစ်ရာကျော်မှာ အဆင့် ၁ အဆင့်ရှိနေတဲ့ Amazon Prime Video ဇာတ်လမ်းတွဲတစ်ခုဖြစ်နေကြောင်း ဖော်ပြထားပါတယ်။

◼ သတင်းအချက်အလက်များအရ Citadel ရဲ့ ပထမဆုံးပွဲထွက်ပြသမှုဟာ Amazon Prime ရဲ့ ဘတ်ဂျက်မြင့်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံးပွဲထွက်ပြသမှု ထက် ကြည့်ရှုမှုပမာဏ ၂၅ သန်း ပိုမိုများပြားကြောင်းသိရပါတယ်။

◼ Citadel မှာ Game of Thrones သရုပ်ဆောင် Richard Madden နဲ့ Bollywood မင်းသမီးချော Priyanka Chopra-Jonas တို့ အဓိကပါဝင်ထားကာ နောက်ထပ် spin-off များစွာလည်း ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

◼ Citadel ဟာ စုစုပေါင်း အပိုင်း ၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပိုင်းသစ်တွေကို အပတ်စဥ်သောကြာနေ့တိုင်းမှာ ကြည့်ရှုနိုင်မှာပါ။

Ref: Deadline

McGarrett ရေးသည်။

Post a Comment

0 Comments