Porpular

6/recent/ticker-posts

WGA သပိတ်ကြောင့် Marvel ရုပ်ရှင် Blade ရဲ့ ရိုက်ကူးရေးရပ်ဆိုင်းသွား



WGA သပိတ်ကြောင့် Marvel ရုပ်ရှင် Blade ရဲ့ ရိုက်ကူးရေးရပ်ဆိုင်းသွား

မေ ၆၊ ၂၀၂၃။

◼ မေလ ၂ ရက်နေ့ကနေစတင်ဖြစ်ပွားနေတဲ့ အမေရိကန်က ဇာတ်ညွှန်းဆရာများသမဂ္ဂတစ်ခုဖြစ်တဲ့ Writers Guild Association (WGA) ရဲ့ အနုပညာဆိုင်ရာ ညှိနှိုင်းအသင်းတစ်ခုဖြစ်တဲ့ Alliance of Motion Picture and Television Producers (AMPTP) အပေါ် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုတွေဟာ တစ်စထက်တစ်စအရှိန်ပြင်းထန်လာနေပါတယ်။ WGA သပိတ်ဟာ WGA နဲ့ AMPTP ကြားက တင်းမာမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ အလုပ်သမားသပိတ်တစ်ခုဖြစ်ပါတယ်။

◼ လာမယ့် ဇွန်လထဲမှာ အမေရိကန်နိုင်ငံ၊ Atlanta မှာ ရိုက်ကူးရေးစတင်ရမယ့် သရုပ်ဆောင် Mahershala Ali နဲ့ Mia Goth တို့ရဲ့ MCU Marvel ရုပ်ရှင် Blade ဟာ WGA သပိတ်ကြောင့် ရိုက်ကူးရေးရပ်ဆိုင်းသွားကြောင်း The Hollywood Reporter သတင်းအရသိရှိရပါတယ်။ Blade ကို ဒါရိုက်တာ Yann Demange က ရိုက်ကူးပြီး True Detective ဒါရိုက်တာ Nia Pizzaloto က ဇာတ်လမ်းရေးသားပေးမှာဖြစ်ပေမယ့်လည်း Marvel Studios ဘက်ကတော့ WGA သပိတ်ပြီးဆုံးမှသာ Blade ရဲ့ ရိုက်ကူးရေးကိုပြန်လည်စတင်ဖွယ်ရှိနေပါတယ်။

◼ MCU Phase 5 ရဲ့ ၁၂ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ Blade ဟာ Marvel ရဲ့ anti-hero ဇာတ်ကောင် Blade the Daywalker အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ 

◼ Blade ဇာတ်ကောင်ကို Marv Wolfman နဲ့ Gene Colan တို့က ဖန်တီးခဲ့တာဖြစ်ပြီး Marvel Comics မှာ ၁၉၇၃ ဇူလိုင်လထုတ် The Tomb of the Dracula မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Blade ဟာ မိခင်ဖြစ်သူကို သွေးစုတ်ဖုတ်ကောင်အကိုက်ခံရတဲ့အတွက် လူတစ်ပိုင်း-သွေးစုတ်ဖုတ်ကောင်တစ်ပိုင်းဖြစ်နေတာပါ။ 

◼ Blade မှာ Mahershala Ali က Blade the Daywalker အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပေမယ့်လည်း ကျန်သရုပ်ဆောင်တွေဖြစ်တဲ့ Mia Goth Delroy Lindo, Aaron Pierre နဲ့ Milan Ray တို့ရဲ့ ဇာတ်ကောင်နေရာတွေကိုတော့မသိရသေးပါဘူး။

◼ သို့ပေမယ့် ကျန်ရှိနေတဲ့ MCU ပရောဂျက်တွေထဲက Captain America: New World Order ရုပ်ရှင်နဲ့ Agatha: Coven of Chaos ဇာတ်လမ်းတွဲကတော့ အမေရိကန်နိုင်ငံ၊ Atlanta မှာ ရိုက်ကူးရေးပြုလုပ်နေသလို Wonder Man ဇာတ်လမ်းတွဲဟာလည်း အမေရိကန်နိုင်ငံ၊ Los Angeles မှာ ရိုက်ကူးရေးပြုလုပ်နေပါတယ်။ ဒါ့အပြင် Deadpool 3 ဟာလည်း ယခုလထဲမှာပဲ လန်ဒန်မြို့မှာရိုက်ကူးရေးစတင်မှာဖြစ်သလို Thunderbolts ဟာလည်း ဇွန်လထဲမှာ အမေရိကန်နိုင်ငံ၊ Atlanta မှာ ရိုက်ကူးရေးပြုလုပ်ဖွယ်ရှိပါတယ်။

◼ WGA သပိတ်ဟာ တစ်လကနေ ခြောက်ပတ်အထိကြာမြင့်သွားမယ်ဆိုရင်တော့ MCU ပရောဂျက်တွေမှာ သက်ရောက်မှုတွေပိုမိုများပြားလာနိုင်ကြောင်း The Hollywood Reporter သတင်းအရ သိရပါတယ်။ WGA သပိတ်ကြောင့် နာမည်ကျော်အမေရိကန်ရှိုးတစ်ခုဖြစ်တဲ့ Saturday Night Live ဟာလည်း ရပ်ဆိုင်းခဲ့ရ​ကြောင်းသိရပါတယ်။

Ref: THR

Sub-Zero ရေးသည်။

Post a Comment

0 Comments