Porpular

6/recent/ticker-posts

ပြသချိန်အကြာဆုံး animated ရုပ်ရှင် ဖြစ်လာမယ့် Spider-Man: Across the Spider-Verse



ပြသချိန်အကြာဆုံး animated ရုပ်ရှင် ဖြစ်လာမယ့် Spider-Man: Across the Spider-Verse

မေ ၃၊ ၂၀၂၃။

◼ Sony Marvel animated ရုပ်ရှင်တစ်ကားဖြစ်တဲ့ Spider-Man: Across the Spider-Verse ဟာ လာမယ့် ဇွန် ၂၊ ၂၀၂၃ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

◼ ရုပ်ရှင်ပရိသတ်တွေ အထူးမျှော်လင့်စောင့်စားနေတဲ့ Spider-Man: Across The Spider-Verse ဟာ ပြသချိန် ၂ နာရီနဲ့ မိနစ် ၂၀ ရှိကြောင်း AMC ရုပ်ရှင်ရုံရဲ့ ရုံတင်ရုပ်ရှင်များစာရင်းအရသိရပါတယ်။

◼ ပြသချိန် ၂နာရီ ၂၀မိနစ်ရှိတဲ့အတွက်ကြောင့် Spider-Man: Across the Spider-Verse ဟာ ရုံတင်ခဲ့ဖူးတဲ့ Animated ရုပ်ရှင်သမိုင်းမှာ အကြာဆုံးဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

◼ ဒါ့အပြင် Spider-Man: Across the Spider-Verse ပရိသတ်တွေအသိနည်းတဲ့ Spidey တွေ ရာနဲ့ချီပါဝင်လာတဲ့ ဇာတ်လမ်းဖြစ်ပြီး ပါဝင်လာမယ့် Spidey တွေထဲမှာ ပရိသတ်တွေ အတွေ့ချင်ဆုံး ဇာတ်ကောင်တွေ ပါဝင်လာမှာကြောင့် Spider-Man ပရိသတ်တွေ အတွက် ဒီရုပ်ရှင်က မျှော်လင့်ရတာအတန်ဆုံးဖြစ်လာမှာပါ။

◼ Spider-Man: Across the Spider-Verse ဟာ ၂၀၁၈ ထုတ် Spider-Man: Into the Spider-Verse ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီး Shameik Moore က Miles Morales အဖြစ်၊ Hailee Stenifield က Gwen Stacy အဖြစ်နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားပါသေးတယ်။ Spider-Man: Across the Spider-Verse ကို ဒါရိုက်တာ Joaquim Dos Santos, Kemp Powers နဲ့ Justin K. Thompson တို့က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Phil Lord & Christopher Miller နဲ့ David Callaham တို့က ရေးသားပေးထားတာပါ။

◼ ရုံတင်ငွေ ကန်ဒေါ်လာ ၃၈၄ သန်းကျော် ရရှိခဲ့တဲ့ Spider-Man: Into the Spider-Verse ဟာ sequel နှစ်ခုထွက်ရှိမှာဖြစ်ပြီး Spider-Man: Across the Spider-Verse ကို ဇွန် ၂၊ ၂၀၂၃ မှာ ပြသမှာပါ။ နောက်ထပ် sequel ဖြစ်တဲ့ Spider-Man: Beyond the Spider-Verse ကိုတော့ မတ် ၂၉၊ ၂၀၂၄ မှာမှ ပြသမှာဖြစ်ပါတယ်။ 

Ref: Collider 

Loki ရေးသည်။

Post a Comment

0 Comments