Porpular

6/recent/ticker-posts

Aquaman and the Lost Kingdom မှာ ရာသီဥတုပြောင်းလဲမှုကို ရန်သူအဖြစ်သတ်မှတ်ဖို့ကြိုးစားခဲ့


Aquaman and the Lost Kingdom မှာ ရာသီဥတုပြောင်းလဲမှုကို ရန်သူအဖြစ်သတ်မှတ်ဖို့ကြိုးစားခဲ့

မေ ၃၊ ၂၀၂၃။

◼ ဒါရိုက်တာ James Wan ရိုက်ကူးပြီး သရုပ်ဆောင် Jason Momoa ပါဝင်ထားတဲ့ DC ရုပ်ရှင်သစ် Aquaman and the Lost Kingdom ဟာ လာမယ့် ဒီဇင်ဘာ ၂၁၊ ၂၀၂၃ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

◼ Aquaman and the Lost Kingdom ရဲ့ ဇာတ်ညွှန်းရဲ့ ပထမအဆင့်ဇာတ်လမ်းအကျဥ်းအကြမ်းရေးသားပြင်ဆင်မှု (First Treatment) ကို Jason Momoa နဲ့ ၎င်းရဲ့ပါတနာတို့ပူးတွဲရေးသားခဲ့ကြောင်းသိရပါတယ်။ အဲဒီ First Treatment ဟာ စာမျက်နှာ ၅၀ ခန့် ပါဝင်ပြီး ရေခဲပြင်များအရည်ပျော်မှုလို သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး Aquaman က ကုလသမဂ္ဂကိုသွားရောက်ပြောပြတဲ့အ​ကြောင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

◼ Aquaman and the Lost Kingdom ရဲ့ First Treatment ရေးသားခဲ့ပုံအကြောင်းကို Jason Momoa က Variety သတင်းနဲ့အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာပါတယ်။

"Aquaman and the Lost Kingdom နဲ့ ပတ်သက်ပြီး လှပတဲ့အချက်တစ်ချက်က first treatment ကို ကျွန်တော်နဲ့ကျွန်တော့်ပါတနာ အတူတူရေးခဲ့ဖူးတယ်၊ စာမျက်နှာ ၅၀ လောက်တော့ရှိတယ်၊ အဲဒီထဲမှာ ကျွန်တော်(Aquaman)က ကုလသမဂ္ဂကို ရေခဲပြင်အရည်ပျော်မှုတွေအကြောင်းပြောတာမျိုးတွေပေါ့။ တခြားဂလက်ဆီတို့ တခြားနေရာတို့ကနေလာပြီး ကျွန်တော်တို့ကမ္ဘာကိုဖျက်ဆီးတာမဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ်တိုင်ပဲဖျက်ဆီးနေတာ။ အတူတူစုပေါင်းပြီးဒါကိုတားဆီးဖို့လိုတယ်။"

◼ Jason Momoa ရဲ့ first treatment ကို Warner Bros. က ဝယ်ယူခဲ့ပေမယ့်လည်း အဲဒီ first treatment အတိုင်း ရိုက်ကူးခွင့်မပေးခဲ့ပါဘူး။ ဒီ first treatment အတိုင်းသာရိုက်ကူးခဲ့မယ်ဆိုရင်လည်း Aquaman and the Lost Kingdom ဟာ ရလဒ်တစ်မျိုးထွက်လာနိုင်ပါတယ်။

◼ ပထမ Aquaman ရုပ်ရှင်ဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့ပါတယ်။ DC ဟာ ယခုအခါမှာတော့ DC Studios ခေါင်းစဥ်အောက်ကနေ universe အသစ်ကိုတည်ဆောက်နေတာဖြစ်တဲ့အတွက် DC Universe အသစ်မှာ Jason Momoa ကို Aquaman အဖြစ် ဆက်တွေ့ရဦးမလားဆိုတာကတော့မသိရသေးပါဘူး။ လက်ရှိမှာ Aquaman and the Lost Kingdom မှာ နာမည်ဆိုးနဲ့ဝေဖန်ခံနေရတဲ့ သရုပ်ဆောင် Amber Heard ကို ပြန်လည်တွေ့မြင်ရမယ်ဆိုတဲ့အတွက် ဝေဖန်သံတချို့လည်းထွက်ပေါ်နေပါတယ်။

Ref: Variety

McGarrett ရေးသည်။

Post a Comment

0 Comments