Porpular

6/recent/ticker-posts

Rocket & Groot ရုပ်ရှင်ရိုက်ကူးဖို့ James Gunn ကြိုးစားခဲ့



Rocket & Groot ရုပ်ရှင်ရိုက်ကူးဖို့ James Gunn ကြိုးစားခဲ့

Marvel | မေ ၃၊ ၂၀၂၃။

◼ Guardians of the Galaxy Vol.3 အစား Rocket နဲ့ Groot အကြောင်း သီးသန့် spin-off ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့စီစဥ်ခဲ့ဖူးကြောင်း ဒါရိုက်တာ James Gunn က အတည်ပြုလာခဲ့ပါတယ်။

◼ ပရိသတ်တွေဟာ Guardians of the Galaxy ဇာတ်ကောင်တွေကို ၎င်းတို့ရဲ့သီးသန့် spin-off ရုပ်ရှင်တွေကိုထွက်ရှိစေချင်နေတာဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn ဟာလည်း Guardians of the Galaxy Vol.3 ထက် Rocket နဲ့ Groot အကြောင်း spin-off ရုပ်ရှင်တစ်ကားရိုက်ကူးဖို့စီစဥ်ခဲ့ပေမယ့်လည်း Marvel Studios ရဲ့ ဥက္ကဌ Kevin Feige ဘက်က ငြင်းပယ်ခဲ့တဲ့အတွက် ဇာတ်လမ်းမတည်ဆောက်ခင်မှာတင်ဖျက်သိမ်းခံခဲ့ရပါတယ်။

◼ Guardians of the Galaxy Vol.3 မှာ Rocket နဲ့ Groot ကို အဓိကဇာတ်လမ်းတည်ထားတဲ့အကြောင်း၊ Rocket နဲ့ Groot အကြောင်း သီးသန့် spin-off ရုပ်ရှင်တစ်ကားကို ရိုက်ကူးဖို့စီစဥ်ခဲ့ဖူးကြောင်း ဒါရိုက်တာ James Gunn က io9 ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးတစ်ခုမှာ အခုလို ပြောပြလာတာပါ။ 

"ဒီဟာကို သုံးကားမြောက်လို့ ကျွန်တော်အမြဲတွေးမိတာက အရင်ဆုံး Peter Quill နောက်ခံဇာတ်ကြောင်းကိုပြမယ်၊ ပြီးမှ Rocket အကြောင်းကိုပြမယ်ပေါ့။ မေးစရာရှိတာက ဒီဟာက Rocket နဲ့ Groot အကြောင်းလား၊ ဒါမှမဟုတ် Guardians of the Galaxy Vol.3 လားပေါ့။ ဘာလို့ဆို အရင်က ကျွန်တော် Rocket နဲ့ Groot အကြောင်း ရိုက်ဖို့လုပ်ခဲ့သေးတယ်။"

◼ Guardians of the Galaxy Vol.3 ကို မေ ၅၊ ၂၀၂၃ မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒီရုပ်ရှင်ဟာ Guardians တွေကို MCU မှာ နောက်ဆုံးမြင်တွေ့ရမယ့်ရုပ်ရှင်လို့လည်းသိရပါတယ်။

Ref: The Direct

Sub-Zero ရေးသည်။

Post a Comment

0 Comments