တောင်ကိုရီးယားရုပ်ရှင် The Call ကြောင့် ထိတ်လန့်ခဲ့ကြရတဲ့ ရုပ်ရှင်ပရိသတ်များ
မေ ၃၊ ၂၀၂၃။
"ဒီည The Call ကြည့်ရင် ငါတော့ အိပ်မက်ဆိုး မက်မှာ မြေကြီးလက်ခတ်မလွဲပဲ "လို့ ရုပ်ရှင် ပရိသတ်တစ်ဦးက မှတ်ချက်ပေးထားပါတယ်။
◼ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သရုပ်ဆောင် Park Shin-hye အဓိကပါဝင်ထားတဲ့ တောင်ကိုရီးယား Netflix ရုပ်ရှင် The Call ဟာ စိတ်လှုပ်ရှားစရာကောင်းပြီး thriller ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်လို့ ပြောရမှာပါ။
◼ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ဟာ horror/thriller ဇာတ်လမ်းဇာတ်ကွက်မျိူးဖြစ်ပြီး ထိတ်လန့်တုန်လှုပ်စရာ သွေးသံရဲရဲ ပြကွက်တွေ အများအပြား ပါတာကြောင့် သွေးလန့်မှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။
◼ ရုပ်ရှင်ပရိသတ်အချို့ဟာ The Call ကို ယခုအချိန်မှ ကြည့်ပြီး နောင်တရနေတဲ့အတွက်ကြောင့် Netflix ကို မကျေမနပ် ဖြစ်နေကြပါတယ်။ တစ်ဦးကဆို မိသားစုနဲ့အတူ ဒီရုပ်ရှင်ကို ကြည့်မိတာကြောင့် မအီမသာ ခံစားချက်တွေ ရခဲ့တယ်လို့ ပြောပြီး နောက်တစ်ဦးကတော့ ဒီဇာတ်ကားကိုကြည့်ပြီးရင် ညဘက်ကို အိပ်မက်ဆိုးတွေ မက်မယ်ဆိုတာ အသေအချာပဲလို့ သူ့ရဲ့ အတွေ့အကြုံကို မျှဝေထားပါတယ်။
◼ တောင်ကိုရီးယားရုပ်ရှင် The Call ဟာ ၂၀၁၁ ထုတ် British/Puerto Rico ရုပ်ရှင် The Caller ကို ပြန်လည် remake ရိုက်ကူးထားတဲ့ Netflix Horror/Thriller ရုပ်ရှင်တစ်ကားဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဆို မမှားပါဘူး။
◼ Horror/Thriller ရုပ်ရှင်ကားကိုမှ အချိန်ခရီးသွားပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ဆန်းသစ်တဲ့ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အားကောင်းလှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာပါ။
◼ အကယ်၍ "The Call" ကို မကြည့်ရသေးဘူးဆိုရင် သွားရောက်ကြည့်ရှုဖို့ အကြံပြုသလို ကြည့်ထားပြီးပြီဆိုရင်လည်း ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အမြင်တွေကို မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။
Ref: The U.S. Sun
Loki ရေးသည်။
0 Comments