Porpular

6/recent/ticker-posts

G. I. Joe ရုပ်ရှင်သစ်တစ်ကားအတွက် ဇာတ်လမ်းပြင်ဆင်တည်ဆောက်နေကြောင်းသိရ



G. I. Joe ရုပ်ရှင်သစ်တစ်ကားအတွက် ဇာတ်လမ်းပြင်ဆင်တည်ဆောက်နေကြောင်းသိရ

မေ ၂၊ ၂၀၂၃။

◼ နောက်ထပ် G. I. Joe ရုပ်ရှင်သစ်တစ်ကားအတွက် ဇာတ်လမ်းပြင်ဆင်တည်ဆောက်နေကြောင်း G. I. Joe ရုပ်ရှင်တွေနဲ့ Transformers: Rise of the Beasts ရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Lorenzo di Bonaventura က အတည်ပြုပြောပြလာပါတယ်။

◼ Hasbro ပိုင် G. I. Joe comic တွေဟာ live-action ရုပ်ရှင်အနေနဲ့ G. I. Joe: The Rise of Cobra (2009), G. I. Joe: Retaliation (2013) နဲ့ Snake Eye: G. I. Joe Origins (2021) ဆိုပြီး ရုပ်ရှင်သုံးကားသာထွက်ရှိထားပါတယ်။ Henry Golding နဲ့ Andrew Koji တို့ရဲ့ Snake Eye: G. I. Joe Origins (2021) ကတော့ G. I. Joe: The Rise of Cobra (2009) နဲ့ G. I. Joe: Retaliation (2013) တို့နဲ့ ဆက်စပ်မှုမရှိတဲ့ reboot ရုပ်ရှင်ဖြစ်ပါတယ်။

◼ G. I. Joe ရုပ်ရှင်အသစ်အတွက် ဇာတ်လမ်းပြင်ဆင်တည်ဆောက်ခဲ့ကြောင်း၊ မူလက Amazon Prime မှာ ပြသဖို့အတွက် G. I. Joe series တစ်ခုကို ပထမဆုံးအပိုင်းတစ်ခုစာဇာတ်လမ်းရေးသားခဲ့ကြဖူးကြောင်း ထုတ်လုပ်သူ Lorenzo di Bonaventura က Collider သတင်းဌာနနဲ့အင်တာဗျူးမှာ အခုလိုအတည်ပြုလာပါတယ်။

"ကျွန်တော်တို့ Amazon နဲ့ ဇာတ်လမ်းတွဲရဲ့ပထမပိုင်းအတွက် ဇာတ်လမ်းပြင်ဆင်ခဲ့ကြဖူးတယ်။ အဲဒါ Paramount+ မပေါ်လာခင်တုန်းကပေါ့၊ အခုကျတော့ Paramount+ ပေါ်လာပြီ။ ဆက်မရေးလိုက်ရဘူး။ ကျွန်တော်တို့ ဒီဟာကို ရုပ်ရှင်အနေနဲ့လုပ်ရင် ဘာလုပ်ရမလဲဆိုတာအများကြီးဆွေးနွေးခဲ့ကြတယ်၊ အဲတော့ ကျွန်တော်ပြောနိုင်တာက အခုတော့ အဲဒါရဲ့အကျိုးရလဒ်တွေကိုအကုန်ခံစားကြရတော့မှာပါ။ ဘယ်တော့လဲဆိုတာကတော့ ပြောဖို့မဖြစ်နိုင်ဘူး။ အချိန်တွေအကြာကြီး ငြိမ်သက်နေခဲ့ဖူးတာလေ။ အခုတော့အများကြီးဖြစ်လာတော့မှာပါ။"

◼ G. I. Joe ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး ထုတ်လုပ်သူ Lorenzo di Bonaventura က ဇာတ်လမ်းတည်ဆောက်မှုကိုအတည်ပြုခဲ့ပေမယ့်လည်း ကျန်နေသေးတဲ့ နောက်ထပ်အသေးစိတ်တစ်စုံတစ်ရာကိုတော့ အတည်ပြုခဲ့ခြင်းမရှိပါဘူး။

◼ Snake Eye: G. I. Joe Origins ဟာ reboot တစ်ခုဖြစ်ပြီး ၎င်းရဲ့မအောင်မြင်မှုကြောင့် နောက်ဆက်တွဲဖြစ်တဲ့ G. I. Joe: Ever Vigilant ဟာ ထွက်ရှိလာခွင့်မရခဲ့ပါဘူး။ အဲဒီနောက် ၂၀၂၁ တုန်းကလည်း Hasbro နဲ့ Paramount ဟာ Lady Jaye ဇာတ်ကောင်ကိုအဓိကထားပြသမယ့် G. I. Joe ဇာတ်လမ်းတွဲတစ်ခုကိုလည်း ထုတ်လုပ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါ့အပြင် G. I. Joe နဲ့ Transformers ဟာ Universe တစ်ခုတည်းမှာရှိနေတယ်လို့လည်း လွန်ခဲ့တဲ့နှစ်တွေက Hasbro က အတည်ပြုဖူးပါသေးတယ်။

◼ G. I. Joe ဟာ အမေရိကန်နဲ့ကမ္ဘာပေါ်ကထူးချွန်စစ်သားတွေပါဝင်တဲ့ နည်းပညာမြင့်အထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ မြန်မာပရိသတ်တွေကြားမှာတော့ G. I. Joe ပထမနှစ်ကားထဲက Lee Byung-hun ရဲ့ Storm Shadow ဇာတ်ကောင်ဟာ အတော်ရေပန်းစားခဲ့ပါသေးတယ်။

Ref: Collider

McGarrett ရေးသည်။

Post a Comment

0 Comments