Porpular

6/recent/ticker-posts

Back to the Future reboot အကြောင်း Michael J. Fox ဘာပြောလဲ


Back to the Future reboot အကြောင်း Michael J. Fox ဘာပြောလဲ

မေ ၁၆၊ ၂၀၂၃။

◼ ၁၉၈၀-၉၀ ကာလတွေက နာမည်ကြီးခဲ့တဲ့ ရုပ်ရှင် franchise တွေကို reboot ချပြီး အသစ်ပြန်လည်ထုတ်လုပ်မှုဟာ ပိုပြီးခေတ်စားလာနေပါတယ်။

◼ Time-travel concept အကြောင်းကိုပြသခဲ့တဲ့ နာမည်ကျော်သုံးကားတွဲရုပ်ရှင် Back to the Future ဟာလည်း reboot ချပြီး ပြန်လည်ထုတ်လုပ်နိုင်ချေရှိကြောင်း ကောလာဟလများထွက်ပေါ်လာနေပါတယ်။

◼ Back to the Future ရဲ့ အဓိကဇာတ်ကောင် Marty McFly နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Michael J. Fox ကတော့ Back to the Future reboot ဟာ ၎င်းအတွက်တော့ကိစ္စမရှိပေမယ့်လည်း ရိုက်ကူးဖို့အတွက်မလိုအပ်ဘူးလို့ထင်မိကြောင်း Variety မဂ္ဂဇင်းရဲ့ ကာဗာဆောင်းပါးတစ်ခုမှာ ပြောလာပါတယ်။

◼ Back to the Future ကို reboot ပြန်လည်ရိုက်ကူးခဲ့မယ်ဆိုရင်လည်း ၎င်းအတွက်ကိစ္စမရှိကြောင်း အခုလိုပြောလာပါတယ်။

"ကျွန်တော်ကတော့ တစ်ယူသန်တာမျိုးမရှိပါဘူး။ လုပ်ချင်တာသာလုပ်ကြ။ ဒါခင်ဗျားတို့ရုပ်ရှင်ပဲ။ ကျွန်တော်က ပိုက်ဆံရထားပြီးသား။"

◼ Back to the Future ကို reboot ချလို့မလိုဘူးလို့ထင်မိကြောင်း Michael J. Fox က အခုလိုပြောလာပါသေးတယ်။

"လုပ်ဖို့မလိုဘူးလို့ထင်တယ်။ Bob က အဲဘက်မှာအတော်လေးထူးချွန်တဲ့လူပါ။ Reboot ချဖို့မလိုဘူးလို့ထင်တယ်။ ခင်ဗျားတို့က တစ်ခုခုကိုပြန်ရှင်းပြချင်လို့လား၊ ဇာတ်လမ်းတင်ဆက်ဖို့အတွက် ဒီထက်ပိုကောင်းတာမျိုးရှိလား။ ကျွန်တော်တော့မထင်ဘူး။"

◼ Michael J. Fox ဟာ အသက် ၂၉ နှစ် အရွယ်ကတည်းက Parkinson ရောဂါကိုခံစားနေရတာဖြစ်ပြီး Back to the Future III အပြီးမှာ ၎င်းကို Back to the Future IV အတွက် ကမ်းလှမ်းတာမျိုးမရှိသလို ၎င်းအနေနဲ့လည်း Back to the Future ဟာ သုံးကားတည်းနဲ့တင်လုံလောက်ပြီလို့ယူဆမိ​ကြောင်းအဆိုပါ ကာဗာဆောင်းပါးမှာပြောခဲ့ပါသေးတယ်။

◼ Back to the Future သုံးကားတွဲဟာ ယနေ့အထိလူကြိုက်များနေတဲ့ ခေတ်ဟောင်းရုပ်ရှင်တစ်တွဲဖြစ်သလို reboot ချခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလည်း ခံရဖို့ရှိပါတယ်။

Ref: Variety

Sub-Zero ရေးသည်။

Post a Comment

0 Comments