Hitman ဇာတ်လမ်းတွဲအတွက် ဖြစ်နိုင်ချေတရားဝင်နာမည်များထွက်လာ
မေ ၁၆၊ ၂၀၂၃။
◼ IO Interactive ရဲ့ ဂိမ်း franchise တစ်ခုဖြစ်တဲ့ Hitman ကို 20th Century နဲ့ Hulu တို့ဟာ live-action ဇာတ်လမ်းတွဲတစ်ခုအဖြစ် ဖန်တီးဖို့ကြိုးစားနေခဲ့တာ ကာလအတန်ကြာရှိခဲ့ပြီဖြစ်ပါတယ်။
◼ HBO ရဲ့ The Last of Us အောင်မြင်သွားတဲ့နောက်မှာ Disney ဟာလည်း Hitman ဂိမ်းကို ဇာတ်လမ်းတွဲအဖြစ်ထုတ်လုပ်ဖို့ စတင်အရှိန်မြှင့်လာနေပါတယ်။
◼ အမေရိကန်နိုင်ငံ၊ မူပိုင်ခွင့်ဆိုင်ရာမှတ်ပုံတင်ရုံးတစ်ခုဖြစ်တဲ့ United States Patent and Trademark Office ရဲ့ တရားဝင်ဝက်ဘ်ဆိုက်အရ "တယ်လီဗေးရှင်းနှင့် မာလ်တီမီဒီယာကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာဝန်ဆောင်မှုများတွင်အသုံးပြုရန်" ဆိုတဲ့ခေါင်းစဥ်အောက်မှာ Hitman: Codename 47, Hitman: Dead Awaits နဲ့ Hitman: Absolution ဆိုတဲ့ နာမည်သုံးခုကို မူပိုင်ခွင့်တင်ထားတာကိုတွေ့ရှိရပါတယ်။
◼ Hitman ဟာ ဗွီဒီယိုဂိမ်းပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ဂိမ်းတစ်ခုဖြစ်ပြီး live-action ဇာတ်လမ်းတွဲမှာ သေချာပုံဖော်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
Ref: Screen Rant
Sub-Zero ရေးသည်။
0 Comments