Vijay ရဲ့ တမီလ်ရုပ်ရှင် Theri ကို remake ရိုက်ကူးဖို့သေချာသွားပြီဖြစ်
မေ ၁၅၊ ၂၀၂၃။
◼ Thalapathy ရဲ့ ပရိသတ်တွေအတွက် ထူးခြားတဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။
◼ အိန္ဒိယတောင်ပိုင်း တမီလ် Kollywood သရုပ်ဆောင် Thalapathy Vijay ရဲ့ ၂၀၁၆ ထုတ် blockbuster ရုပ်ရှင် Theri ကို Bollywood က နာမည်တူ remake ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။ မူလက ကောလာဟလတစ်ခုအနေနဲ့သာ သတင်းထွက်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Theri remake ဟာ အမှန်တကယ်ဖြစ်လာနေပြီဖြစ်ပါတယ်။
◼ တမီလ်ရုပ်ရှင် Theri ကို ဒါရိုက်တာ Atlee က ရိုက်ကူးခဲ့တာဖြစ်ပြီး Vijay နဲ့ အတူ Samantha Ruth Prabu နဲ့ Amy Jackson တို့ ပူးတွဲပါဝင်ခဲ့ကြပါတယ်။ နောက်ဆုံးသိရှိထားရတဲ့သတင်းအရ Theri remake ကို ဒါရိုက်တာ Atlee ကပဲ တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပြီး Vijay ရဲ့ ဇာတ်ကောင် ရဲအရာရှိ Joseph နေရာကို Bollywood သရုပ်ဆောင် Varun Dhawan က သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
◼ Theri remake မှာ Varun Dhawn နဲ့အတူ Bollywood သရုပ်ဆောင် Janhvi Kapoor လည်း ပါဝင်သွားမှာဖြစ်ပြီး ဗီလိန်နေရာအတွက်သရုပ်ဆောင်ရွေးချယ်မှုကို ဇွန်လထဲမှာ အပြီးသတ်ရွေးချယ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
◼ Theri remake ကို လာမယ့်သြဂုတ်လမှာစတင်ရိုက်ကူးဖွယ်ရှိနေပြီး ၂၀၂၄ နွေရာသီမှာ ရုံတင်ပြသဖွယ်ရှိနေကြောင်း အတွင်းသတင်းများအရသိရပါတယ်။
◼ Bollywood ဟာ ယနေ့အထိ တောင်ပိုင်းရုပ်ရှင်များစွာကို remake ပြန်လည်ရိုက်ကူးလျက်ရှိပြီး ၂၀၂၃ မှာ ရုံတင်ခဲ့တဲ့ Shehzada, Bholaa နဲ့ Ki Si Ka Bhai Ki Si Ki Jaan တို့ဟာ တောင်ပိုင်းရုပ်ရှင်တွေကို remake ရိုက်ကူးထားတဲ့ဗားရှင်းတွေဖြစ်ပါတယ်။
Ref: Box Office Worldwide
McGarrett ရေးသည်။
0 Comments