ပုံစာ (ဝဲမှယာ) - Assassination မှာ ပါဝင်မယ့်သရုပ်ဆောင်များ (Al Pacino, John Travolta, Viggo Mortensen, Shia LaBeouf)
အမေရိကန်သမ္မတ JFK လုပ်ကြခံရမှုအကြောင်း ဟောလိဝုဒ်က ရုပ်ရှင်တစ်ကားဖန်တီးသွားမယ်
မေ ၁၅၊ ၂၀၂၃။
◼ အမေရိကန်နိုင်ငံရဲ့ ၃၅ ယောက်မြောက်သမ္မတ John F. Kennedy လုပ်ကြံခံရမှုအဖြစ်အပျက်အကြောင်းကို ဟောလိဝုဒ်က ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Arclight က Assassination ဆိုတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။
◼ Assasssination ကို အမေရိကန်က မာဖီးယားတွေရဲ့ ရှုထောင့်ကနေတင်ဆက်ပြသမှာဖြစ်ပါတယ်။ John F. Kennedy ကို လုပ်ကြံဖို့အတွက် အမေရိကန်၊ ချီကာဂိုမြို့က Kingpin Sam Giancana က စေခိုင်းပုံ၊ ဒီလိုလုပ်ကြံရတာဟာ JFK ရွေးကောက်ပွဲကိုအနိုင်ရဖို့ မာဖီးယားတွေရဲ့အကူအညီကိုရယူခဲ့ပေမယ့်လည်း သမ္မတဖြစ်လာချိန်မှာ မာဖီးယားတွေကိုအမြစ်လှန်ချေမှုန်းဖို့ကြိုးစားတဲ့အတွက်ဖြစ်ကြောင်း Assassination မှာ ကြည့်ရှုရမှာပါ။
◼ Democratic Party ဝင် John F. Kennedy ဟာ ၁၉၆၁ မှာ အမေရိကန်ရဲ့ ၃၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်က သမ္မတဝင်ရောက်ယှဥ်ပြိုင်သူတွေထဲမှာ JFK ဟာ အငယ်ဆုံးသမ္မတလောင်းဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၂၊ ၁၉၆၃ မှာတော့ JFK ဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဒဲလက်စ်မြို့မှာ လုပ်ကြံခဲ့ရပါတယ်။
◼ Assassination ကို အော်စကာဆန်ခါတင်စာရင်းဝင် ပူလစ်ဇာဆုရ ဒါရိုက်တာ David Mamet က တာဝန်ယူရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို ဒါရိုက်တာ David Mamet နဲ့အတူ ချီကာဂို မာဖီးယား kingpin Sam Giancana ရဲ့ မျိုးဆက်ဖြစ်တဲ့ ထုတ်လုပ်သူ Nicholas Celozzi ကပါ တာဝန်ယူရေးသားပေးမှာဖြစ်ပြီး cinematography အပိုင်းကို There Will Be Blood ရဲ့ cinematographer Robert Elswitt က ဖန်တီးပေးသွားမှာပါ။
◼ Assassination မှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Al Pacino နဲ့ John Travolta အပြင် Lord of the Rings သရုပ်ဆောင် Viggo Mortensen, Transformers သရုပ်ဆောင် Shia LaBeouf, Heist သရုပ်ဆောင် Rebecca Pidgeon နဲ့ အဆိုတော် Courtney Love တို့လည်း ပါဝင်သွားကြမှာပါ။ ဘယ်သူကဘယ်ဇာတ်ကောင်နေရာကနေသရုပ်ဆောင်မလဲဆိုတာကိုတော့မသိရသေးပါဘူး။ Al Pacino ဟာ JFK လုပ်ကြံခံရမှုအကြောင်း တစ်စိတ်တစ်ဒေသကိုပြသခဲ့တဲ့ ဒါရိုက်တာ Martin Scorsese ရဲ့ The Irishman ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
◼ ဒီလိုနာမည်ကျော်သရုပ်ဆောင်တွေပါဝင်နေတဲ့အတွက် Assassination ဟာ ဟောလိဝုဒ်မှာ နာမည်တစ်ခုရရှိမယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။
◼ ရိုက်ကူးရေးကို လာမယ့် စက်တင်ဘာလမှာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာစတင်ပြုလုပ်မှာဖြစ်ပြီး ပြသရက်နဲ့အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
Ref: Deadline
McGarrett ရေးသည်။
0 Comments