Porpular

6/recent/ticker-posts

ရင်တထိတ်ထိတ် ရုပ်ရှင်များ


ရင်တထိတ်ထိတ် ရုပ်ရှင်များ

မေ ၁၄၊ ၂၀၂၃။

◼ သာမာန် Horror, Slasher, Thriller ရုပ်ရှင် အများစုက ခြောက်မယ်၊ လန့်မယ်၊ သွေးထွက်သံယိုတွေ၊ ရုပ်ဆိုးပန်းဆိုးတွေကို အပီအပြင် ထည့်ပြမယ်

◼ ဒီလိုရုပ်ရှင်တော်တော်များများကို အခုနောက်ပိုင်းမှာ လူကြိုက်များမှန်းသိလို့ အတင်းကြီးတွေ ရိုက်ပြလာတာ တွေ့လာရပါတယ်။

◼ ဒါဟာကောင်းလာသလားဆိုရင်တော့ ဇာတ်လမ်းမရှိပဲနဲ့ ကြည့်ရတဲ့ဇာတ်ကားဟာ ဘယ်လိုမှကို ခံစားလို့ရမှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် နောက်တစ်ကြိမ်ပြန်ကြည့်ရလောက်တဲ့အထိ ရင်ထဲ ကျန်နေမယ့် ဇာတ်ကားမျိုးမဟုတ်လို့ပါပဲ။

◼ ဒါပေမယ့် အခုပြောပြမယ့် ရုပ်ရှင် (၄) ကားလုံးက ကိုယ့်ကို အပြင်မှာ တစ်ယောက်ထဲရှိနေရင်တောင် တွေးတွေးပြီး ကြောက်လန့်သွားစေမယ့် ဇာတ်ကားမျိုးတွေဖြစ်သလို ကြည့်ရတာလည်းတန်စေမှာပါ။

ပုံတွေအောက်မှာ စာတွေရှိပါသေးတယ်။

Jon Snow ရေးသည်။

When a Stranger Calls (2006)


🎥 When a Stranger Calls (2006)


◼ သင် တစ်ယောက်ထဲရှိချိန် သင့်ကို ဖုန်းဆက်ပြီး ခေါင်းစားနေမယ်ဆို သင့် အနေနဲ့ ဘယ်လို ခံစားရမလဲ။

◼ ဒီ ဇာတ်ကားကလည်း ဒီလိုပါပဲ။ ကလေးထိန်းဖို့ဆိုပြီး Johnson ဆိုတဲ့ မိန်းကလေးတစ်ဦးကို သူဌေး လင်မယားက ညဘက် Dinner သွားရမှာမို့လို့ အိမ်ကြီး တစ်လုံးနဲ့ ကလေးနှစ်ယောက်ကို အပ်သွားခဲ့ပါတယ်။

◼ အိမ်ရှင် လင်မယားလည်း အိမ်မှာရှိတဲ့ Alarm System တွေ ဘယ်လို အလုပ်လုပ်လည်းဆိုတာကို ပြောပြခဲ့ပြီး အိမ်နဲ့ဝေးရာမှာလည်း ဧည့်သည်နားနေဆောင် တစ်ခုရှိကြောင်းအပါအဝင် အားလုံးကို သေသေချာချာလေး မှာသွားခဲ့ပါတယ်။

◼ ဒါပေမယ့် ကလေးထိန်း တစ်ယောက်ထဲရှိချိန်မှာတင် ပထမဆုံးဖုန်းဆက် ခေါင်းစားတဲ့ ဖုန်း Call တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

◼ နောက်တော့ ဖုန်းခေါ်တာတွေ တဖြည်းဖြည်းစိတ်လာလို့ ရဲစခန်းကို အကြောင်းကြားတော့လည်း အိမ်နဲ့ ရဲစခန်းက ဝေးနေတော့ လာဖို့ ကြာမည်ဖြစ်ကြောင်းပြောရာကနေ နောက်တော့ အိမ်ကြီးထဲမှာ တစ်ယောက်ထဲ ပြေးရလွှားရတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ခံစားရမှာပါ။

(၁၉၇၈ က ထုတ်ခဲ့တဲ့ နာမည်တူရုပ်ရှင်ကို remake ပြန်ရိုက်ထားတဲ့ဗားရှင်းဖြစ်ပါတယ်)

The Stranger (2008)


🎥 The Stranger (2008)


◼ သာမာန် ကြောက်စရာကောင်းတာမျိုးမဟုတ်ပဲ ဒါဟာ အပြင်မှာပါ တကယ့် လက်တွေ့ဖြစ်ထားတဲ့ True Story ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်က မင်းသမီးချော Sharon Tate သတ်ဖြတ်ခံရတဲ့အမှုကိုကျောရိုးယူဖန်တီးထားတာပါ။

◼ ဒီဇာတ်ကားကြည့်တုန်းက မှတ်မှတ်ရရ အိမ်မှာ စလောင်းစတတ်ခါစဖြစ်မယ်။ Channel တွေ အများကြီးပါသလို နိုင်ငံတကာ ရုပ်သံလိုင်းတွေကို တိုက်ရိုက်ဖမ်းကြည့်နိုင်တော့ ဒီဇာတ်ကားပြနေတဲ့ Channel ကို အမှတ်မထင် ဖမ်းကြည့်မိခဲ့တယ်။

◼ ဇာတ်လမ်းက ဒီလိုပါ ကြင်စဦး လင်မယားနှစ်ယောက် အပန်းဖြေအိမ်မှာ အပန်းဖြေဖို့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတုန်း အိမ်ထဲကို သူစိမ်း သုံးယောက် ကျုးကျော်လာတာကို ရိုက်ပြထားတာဖြစ်ပါတယ်။

◼ ရင်ကတော့ တကယ် တထိတ်ထိတ်ပါပဲ။ လူစိမ်းသုံးယောက်က သူတို့ အိမ်မှာမရှိခင်ထဲက နေရာယူထားပြီး တစ်နေရာမဟုတ် တစ်နေရာကနေ ခြောက်လန့်လိုက် စာတွေ ရေးထားလိုက်နဲ့ နောက်ကနေ ပေါ်လာလိုက်နဲ့ ပထမက သရဲမှတ်နေတာ နောက်တော့ တကယ့် လူတွေ ဖြစ်နေတာကို သိလိုက်ရတယ်။

◼ မင်းသမီးကလည်း Lord of the ring ထဲက သရုပ်ဆောင် Liv Tyler က အဓိက သရုပ်ဆောင်ထားလို့ ကြည့်ရတာ အရသာလည်း ရှိသလို အိမ်ထဲက အမှောင်တစ်နေရာမှာ လူစိမ်းတစ်ယောက်ရှိတဲ့ဆိုတဲ့ အသိမျိုးရတဲ့ အထိ သင့်ကို ခြောက်ခြားစေမှာပါ။

The Visit (2015)


🎥 The Visit (2015)


◼ ဒီရုပ်ရှင်က ကလေးတွေကိုယ်တိုင် Survive လုပ်ရတာမို့လို့ ပိုပြီးတော့ သည်းထိပ်ရင်ဖို ဖြစ်ရပါတယ်။

◼ ဇာတ်လမ်းကတော့ ဒီလိုပါ။ Becca နဲ့ Tyler တို့ နှစ်ယောက်ကို အဘိုးနဲ့ အဘွားကို တွေ့ဖိုဆိုပြီး အားလပ်ရက်မှာ သူတို့ အမေက သူတို့ အဖိုးအဖွားတို့အိမ်ကို လွတ်လိုက်ပါတယ်။

◼ ဖြစ်ချင်တော့ သူတို့ မောင်နှမနှစ်ယောက်လည်း အဖိုးနဲ့ အဖွားကို မတွေ့တာကြာတော့ သိပ်မမှတ်မိတော့ပဲ ခပ်စိမ်းစိမ်းသာဖြစ်နေပါတယ်။ ဒါပေမယ့် အဘိုးကြီးနဲ့ အဘွားကြီးကတော့ ဖော်ဖော်ရွေရွေပါပဲ။ မြေးတွေကို ဧည့်ခံရင်းနဲ့ အလုပ်တွေ ရှုပ်နေပါတယ်။

◼ နောက်တစ်ရက် သူတို့ အမေနဲ့ Video Call ခေါ်ရင်း အဖိုးနဲ့အဖွား ကို အမေက တွေ့ချင်လို့ ပြလိုက်တာ........

◼ နှင်းတွေကျနေခိုက် အေးချမ်းလွန်းတဲ့ အချိန်မှာ ကလေးတွေ ဘယ်လို အသက်ရှင်အောင်လုပ်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရိုက်ပြထားလို့ ကြည့်ရတာတော့ လုံးဝ ပျင်းစရာကောင်းနေမှာ မဟုတ်ပါဘူး။

◼ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ WandaVision ထဲက Agatha အနေနဲ့ သရုပ်ဆောင်တဲ့ Kathryn Hahn က ပါဝင် အားဖြည့်ထားပြီး ကလေးသရုပ်ဆောင်တွေကလည်း တကယ် သရုပ်ဆောင်ကောင်းလွန်းလှပါတယ်။

Hush (2016)


🎥 Hush (2016)


◼ ဒီဇာတ်ကားကို စစကြည့်ချင်းတုန်းက သာမာန်ကာရှန်ကာ ဇာတ်ကားတစ်ကားလို့ပဲထင်ထားတာပါ။ ဒါပေမယ့် အဲ့နေ့က မိုးတွေရွာနေတုန်းမို့လို့လားမသိဘူး ဇာတ်ကားရဲ့ မှိုင်းမှိုင်းပြပြ Theme လေးက တကယ် ဆွဲဆောင်သွားတာကို ခံစားရမှာပါ။

◼ ဆွံ့အ နားမကြားတဲ့ နာမည်ကြီး စာရေးဆရာမ တစ်ယောက် လူသူမရှိတဲ့ တောထဲက အိမ်လေးမှာ စာရေးနေရင်း အမည်မသိတဲ့လူတစ်ယောက်က ပို့တဲ့ Message တစ်စောင်ကို လက်ခံရာကနေ ဇာတ်လမ်းကို စထားပါတယ်။

◼ စစချင်း ဘာမှ မဟုတ်ဘူးခံစားရပေမယ့် သွေးသွေးအေးအေးနဲ့ လူလိုက်သတ်နေတာက တော်တော်လေးလည်း ကြည့်ရတာ အရသာရှိသလို ဆွံ့အ နားမကြားတဲ့ စာရေးဆရာမက မျက်နာဖုံးစွပ် လူသတ်သမားလက်ကနေ ဘယ်လိုမျိုး Survive လုပ်မလဲဆိုတာကို ကြည့်ရမှာပါ။

◼ Kate Siegel က စာရေးဆရာမအဖြစ် သရုပ်ဆောင်ထားပြီး Rating လည်း ရှယ်မြင့်လို့ ကြည့်စရာမရှိဘူးဆိုရင် Watch List ထဲ ထည့်ကြည့်ဖို့ Recommend ပေးပါရစေ။



◼ ဒါကတော့ အေးအေးဆေးဆေးနဲ့ စိတ်ကို ခြောက်လန့်စေမယ့် ဇာတ်ကား (၄) ကားဖြစ်တဲ့အပြင် ရင်ထဲမှာပါ တွင်ကျန်ရစ်စေမယ့် Production ကောင်းကောင်းတွေကနေ ဖန်တီးထားတဲ့ ဇာတ်ကားတွေ ဖြစ်လို့ လက်မလွတ်ပဲ ကြည့်သင့်ပါတယ်။

◼ နောက်အပတ်မှာလည်း ဒီလိုမျိုး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တွေကို Recommend ပေးဦးမှာဖြစ်လို့ ဆက်လက်စောင့်မျှော် အားပေးဖို့ မမေ့ပါနဲ့နော်။

Jon Snow ရေးသည်။

Post a Comment

0 Comments