ဝိုင်းဆဲလွန်းလို့ အသစ်ပြန်ထုတ်ပေးလိုက်ရတဲ့ CBS ဇာတ်လမ်းတွဲ S.W.A.T.
မေ ၉၊ ၂၀၂၃။
◼ လွန်ခဲ့တဲ့ ၃ ရက်က CBS ရုပ်သံလိုင်းနဲ့ Sony Pictures Televison တို့ရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ S.W.A.T. ဟာ Season 6 ပြသနေဆဲမှာတင် ရုတ်တရက်ဖျက်သိမ်းခံလိုက်ရပါတယ်။
◼ ဒီလိုဖျက်သိမ်းခံလိုက်ရတဲ့အတွက် ပရိသတ်တွေနဲ့ S.W.A.T. ရဲ့ အဓိကသရုပ်ဆောင် Shemar Moore တို့ဟာ CBS နဲ့ Sony Pictures Televison အပေါ် ပြစ်တင်ဝေဖန်မှုတွေဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။
◼ အဲဒီလိုဝေဖန်ခံရမှုတွေကြောင့် CBS နဲ့ Sony Pictures Televison တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးတဲ့နောက်မှာတော့ S.W.A.T. ဟာ ဖျက်သိမ်းခံရာကနေ နောက်ထပ် Season သစ်တစ်ခုထပ်မံရရှိလာပြီဖြစ်ပါတယ်။ S.W.A.T. ဟာ Season 6 အပြီး နောက်ထပ် Season 7 ထွက်ရှိမှာဖြစ်ပြီး Season 7 ဟာ S.W.A.T. ရဲ့ နောက်ဆုံး Season ဖြစ်ကြောင်း CBS Entertainment ဥက္ကဌ Amy Reisenbach ရဲ့ တရားဝင်အတည်ပြုချက်အရသိရပါတယ်။
◼ S.W.A.T. ကို ဖျက်သိမ်းရာကနေ ပြန်လည်ဆက်လက်ထုတ်လုပ်ခြင်းနဲ့ပတ်သက်ပြီး CBS Entertainment ဥက္ကဌ Amy Reisenbach ရဲ့ တရားဝင်ထုတ်ပြန်ချက်အပြည့်အစုံကတော့
"S.W.A.T. နဲ့ ပတ်သက်ပြီး ကြည့်ရှုသူတွေရဲ့များပြားလှတဲ့ချစ်မြတ်နိုးမှုတွေနဲ့ အသံတွေကို နားထောင်ခဲ့ရပြီးတဲ့နောက်မှာတော့ အပိုင်း ၁၃ ပိုင်း ပါဝင်မယ့် Final Season ကို လာမယ့် ၂၀၂၃-၂၀၂၄ တီဗွီရာသီမှာပြသဖို့သဘောတူညီချက်ရယူနိုင်ခဲ့ပါတယ်။"
◼ အဆိုပါထုတ်ပြန်ချက်အရ S.W.A.T. Final Season ဖြစ်လာမယ့် Season 7 ဟာ အပိုင်း ၁၃ ပိုင်းသာပြသမှာဖြစ်ပြီး အပိုင်းအရေအတွက်အနည်းဆုံး Season တစ်ခုဖြစ်လာခဲ့တာပါ။
◼ S.W.A.T. ဟာ ABC ရုပ်သံလိုင်းမှာပြသခဲ့ဖူးတဲ့ ၁၉၇၅ ဇာတ်လမ်းတွဲ S.W.A.T. အခြေခံရိုက်ကူးထားတာဖြစ်ပြီး မရိမ်းတပ်သားဟောင်း Daniel "Hondo" Harrelson က လော့စ်အိန်ဂျလစ်စ်မြို့က ရဲအရာရှိတစ်ယောက်ဖြစ်လာကာ လော့စ်အိန်ဂျလစ်စ်ရဲတပ်ဖွဲ့ရဲ့ Special Weapons and Tactics (S.W.A.T.) ကို ဦးဆောင်ရင်း ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။
◼ S.W.A.T. မှာ Shemar Moore က Daniel "Hondo" Harrelson အဖြစ်၊ Rochelle Aytes က Hondo ရဲ့ ချစ်သူ Nichelle အဖြစ်၊ Jay Harrington က David “Deacon” Kay အဖြစ်၊ Kenny Johnson က Dominique Luca အဖြစ်၊ David Lim က Victor Tan အဖြစ် နဲ့ Alex Russell က Jim Street အဖြစ် ပါဝင်ထားကြပါတယ်။
◼ S.W.A.T. ရဲ့ Season 6 ဟာ လာမယ့် မေ ၁၉၊ ၂၀၂၃ မှာ အဆုံးသတ်မှာပါ။
Ref: Deadline
Sub-Zero ရေးသည်။
0 Comments