ပွဲကြိုပြသမှုရလဒ်ကောင်းထွက်နေတဲ့ Disney ရဲ့ The Little Mermaid ရုပ်ရှင်
မေ ၉၊ ၂၀၂၃။
◼ အဆိုတော် Halle Bailey အဓိကပါဝင်ထားတဲ့ Disney ရဲ့ live-action remake ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Little Mermaid ဟာ လာမယ့် မေ ၂၆၊ ၂၀၂၃ မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
◼ ယမန်နေ့ မေ ၈ ရက်နေ့မှာတော့ Disney ဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်စ်မြို့မှာ The Little Mermaid ကို blue carpet ပွဲကြိုပြသခဲ့ပါတယ်။ အဲဒီပွဲကို The Little Mermaid ဝိုင်းတော်သားတွေနဲ့အတူ ဝေဖန်ရေးသမားတွေလည်းတက်ရောက်ခဲ့ပြီး အကြိုကြည့်ရှုခဲ့ကြပြီးတဲ့နောက်မှာတော့ The Little Mermaid နဲ့ ပတ်သက်ပြီး ရလဒ်ကောင်းသုံးသပ်ချက်တွေဟာ အင်တာနက်ပေါ်ကိုရောက်ရှိလာနေပါတယ်။
◼ အဲဒီသုံးသပ်မှုတွေမှာ Halle Bailey ဟာ The Little Mermaid နဲ့ အလိုက်ဖက်ဆုံးဖြစ်ကြောင်း၊ The Little Mermaid ဟာ Disney ရဲ့ live-action remake တွေထဲမှာ အကောင်းဆုံး remake ဖြစ်ကြောင်းနဲ့ The Little Mermaid က musical performance တွေဟာ ပြည့်စုံကောင်းမွန်ကြောင်း ရေးသားဖော်ပြထားတာကိုတွေ့ရှိရပါတယ်။
◼ ဒါ့အပြင် Halle Bailey ဟာ Ariel အစစ် ဖြစ်ကြောင်း၊ Melissa McCarthy ရဲ့ Ursula နဲ့ Daveed Diggs ရဲ့ Sebastian တို့ဟာလည်း ဇာတ်ကောင်နဲ့လိုက်ဖက်မှုရှိကြောင်း စသဖြင့်ချီးကျူးထားကြပါတယ်။
◼ The Little Mermaid နဲ့ ပတ်သက်ပြီး Myanmar Varient Entertainment အနေနဲ့ သုံးသပ်နိုင်ခြင်းမရှိသေးပါဘူး။
◼ ၁၉၈၉ ထုတ် The Little Mermaid animated ရုပ်ရှင်ကို remake ပြန်လည်ရိုက်ကူးထားတဲ့ The Little Mermaid ဟာ အဓိကဇာတ်ကောင် Ariel နေရာအပါအဝင် ဇာတ်ရံတွေဖြစ်တဲ့ Sebastian နဲ့ Flounder တို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကိုရင်ဆိုင်နေရတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
◼ ဝေဖန်ထောက်ပြမှုများစွာနဲ့ရင်ဆိုင်နေရတဲ့ The Little Mermaid ကို ဒါရိုက်တာ Rob Marshall က ရိုက်ကူးပေးထားတာဖြစ်ပြီး Ariel အဖြစ် အဆိုတော်နဲ့သရုပ်ဆောင် Halle Bailey က ပါဝင်သရုပ်ဆောင်ထားသလို Prince Eric အဖြစ် Jonah Hauer-King, King Triton အဖြစ် Javier Bardem နဲ့ Ursula the Sea Witch အဖြစ် Melissa McCarthy တို့က ပါဝင်ထားပါတယ်။
Ref: Internet
McGarrett ရေးသည်။
0 Comments