Porpular

6/recent/ticker-posts

ရှားပါးလိပ်ပြာမျိုးရင်းတစ်ခုကို LOTR ဗီလိန် Sauron ရဲ့ နာမည်ပေးထား




ရှားပါးလိပ်ပြာမျိုးရင်းတစ်ခုကို LOTR ဗီလိန် Sauron ရဲ့ နာမည်ပေးထား

မေ ၉၊ ၂၀၂၃။

◼ နာမည်ကျော် Lord of the Rings ဗီလိန်ဖြစ်တဲ့ Sauron ကို အစွဲပြုပြီး သိပ္ပံပညာရှင်တွေဟာ ၎င်းတို့တွေ့ရှိထားတဲ့ ရှားပါးလိပ်ပြာမျိုးရင်းတစ်ခုကို Sauron လို့ နာမည်ပေးထားလိုက်ပါတယ်။

◼ အဆိုပါလိပ်ပြာတွေရဲ့လိမ္မော်ရောင်တောင်ပံပေါ်မှာ အနက်ရောင်စက်ဝိုင်းကွက်တွေရှိနေတဲ့အတွက် သိပ္ပံပညာရှင်တွေက Lord of the Rings ရုပ်ရှင်သုံးကားနဲ့ ဝတ္ထုတွေမှာပါဝင်တဲ့ Sauron ရဲ့ မျက်လုံးတော်ကြီး (The Great Eye) လို ပုံစံမျိုးလို့သတ်မှတ်ကာ Saurona လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။ 


◼ ဒီလိုမျိုးထူးထူးခြားခြားနာမည်ပေးခြင်းဟာ ဒီလိပ်ပြာမျိုးရင်းနဲ့ပတ်သက်ပြီး နောက်ထပ်သုတေသနဆိုင်ရာရှာဖွေမှုတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက်မျှော်လင့်မိကြောင်း လန်ဒန်မြို့မှာရှိတဲ့ သဘာဝသမိုင်းပြတိုက်ကယူဆထားပါတယ်။

◼ Saurona ဆိုတဲ့နာမည်ကို Dr Blanca Huertas ဆိုတဲ့ ပြတိုက်မှူးကပေးခဲ့တာဖြစ်ပြီး ၎င်းဟာ Systematic Entomology သိပ္ပံဂျာနယ်မှာ မျိုးစိတ်သစ်တွေကိုဖော်ထုတ်လေ့လာနေတဲ့ အဖွဲ့ဝင်သုံးဆယ်ပါ နိုင်ငံတကာပညာရှင်အသင်းတစ်ခုရဲ့အသင်းဝင်တစ်ခုဖြစ်ပါတယ်။

◼ ယခုအခါမှာ Saurona လိပ်ပြာမျိုးရင်းဟာ Saurona triangular နဲ့ Saurona aurigera မျိုးစိတ်နှစ်ခုပါဝင်လာပြီဖြစ်ပါတယ်။

◼ စာရေးဆရာကြီး J.R.R.Tolkien ရဲ့ Lord of the Rings ဝတ္ထုတွေဟာ စာပေနဲ့ရုပ်ရှင်တွေအပါအဝင် နယ်ပယ်အစုံမှာပါလွှမ်းမိုးလျက်ရှိတာကိုသိခဲ့ရတာပါ။

Ref: BBC

McGarrett ရေးသည်။


Post a Comment

0 Comments