Porpular

6/recent/ticker-posts

Charles ဘုရင်ကို ဗွီဒီယိုမက်ဆေ့ချ်ကနေတစ်ဆင့် Tom Cruise ဂုဏ်ပြုလာ



Charles ဘုရင်ကို ဗွီဒီယိုမက်ဆေ့ချ်ကနေတစ်ဆင့် Tom Cruise ဂုဏ်ပြုလာ

မေ ၈၊ ၂၀၂၃။

◼ Elizabeth ဘုရင်မ နတ်ရွာစံအပြီး ယူကေနိုင်ငံရဲ့ ဘုရင်ဖြစ်လာတဲ့ Charles ဘုရင်ရဲ့ နန်းတက်ပွဲအပြီးမှာကျင်းပတဲ့ Coronation Concert မှာ သရုပ်ဆောင်တချို့ဟာ ဗွီဒီယိုမက်ဆေ့ချ်ကနေတစ်ဆင့် ဂုဏ်ပြုစကားဆိုလာကြပါတယ်။

◼ Coronation Concert ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး Tom Cruise အပါအဝင် Pierce Brosnan နဲ့ Bear Grylls တို့ဟာ ဗွီဒီယိုမက်ဆေ့ချ်ကနေတစ်ဆင့် Charles ဘုရင်ကို ဂုဏ်ပြုစကားဆိုခဲ့ကြတာပါ။

◼ ကျန်သရုပ်ဆောင်နှစ်ဦးကတော့ ရိုးရှင်းစွာဂုဏ်ပြုစကားဆိုကြပေမယ့်လည်း Tom Cruise ဟာ ၎င်းကိုယ်တိုင်လေယာဥ်မောင်းနှင်ပြရင်းနဲ့ ကင်မရာဘက်ကိုမျက်နှာမူရင်း Charles ဘုရင်ကို အခုလိုဂုဏ်ပြုစကားပြောလာပါတယ်။

"Pilot ချင်းပြောရရင်တော့ ဘုရင်ကြီးရေ၊ ခင်ဗျားကျုပ်ရဲ့ wingman ဖြစ်လို့ရတယ်နော်။"

◼ အဲဒီဗွီဒီယိုကလစ်မှာ Tom Cruise ဟာ စစ်လေယာဥ်တစ်စင်းကို ၎င်းကိုယ်တိုင်မောင်းနှင်ပြခဲ့ကြောင်းတွေ့ရပါတယ်။

◼ Charles ဘုရင်နန်းတက်မှုကိစ္စဟာ အင်တာနက်မှာတော့အငြင်းပွားစရာတွေဖြစ်ခဲ့တာကိုလည်းတွေ့ရှိရပါတယ်။

◼ Tom Cruise ရဲ့ ၂၀၂၂ ရုပ်ရှင် Top Gun: Maverick ဟာ ဝင်ငွေအရရော ရုပ်ရှင်အရပါအောင်မြင်ခဲ့သလို ၎င်းပါဝင်ထားတဲ့ Mission: Impossible - Dead Reckoning Part 1 နဲ့ 2 ဟာလည်း ဇူလိုင် ၁၂၊ ၂၀၂၃ နဲ့ ဇွန် ၂၈၊ ၂၀၂၄ တို့မှာ အသီးသီးရုံတင်ပြသဦးမှာပါ။

Ref: Deadline

Sub-Zero ရေးသည်။

Post a Comment

0 Comments