လူအများစုက ၎င်းရဲ့ DC ရုပ်ရှင်တွေကို နားမလည်ကြဘူးလို့ Zack Snyder ပြောလာ
မေ ၁၀၊ ၂၀၂၃။
◼ DCEU ရဲ့ ပဲ့ကိုင်ရှင်ဟောင်း ဒါရိုက်တာ Zack Snyder က ၎င်းရိုက်ကူးခဲ့တဲ့ DC ရုပ်ရှင်တွေနဲ့ပတ်သက်ပြီး ၎င်းတည်ဆောက်ဖို့ကြိုးစားခဲ့တာတွေကို လူအများစုက နားမလည်ကြဘူးလို့ ယူဆမိကြောင်း ပြောလာပါတယ်။
◼ Zack Snyder ဟာ DCEU ရုပ်ရှင်သုံးကားဖြစ်တဲ့ Man of Steel, Batman vs Superman: Dawn of Justice နဲ့ Zack Snyder's Justice တို့ကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သို့ပေမယ့် Batman vs Superman: Dawn of Justice မှာတော့ ပရိသတ်တွေက သဘောကျကြပေမယ့်လည်း ဝေဖန်ရေးသမားတွေက ရလဒ်ဆိုးတွေနဲ့တုံ့ပြန်ခဲ့တာကိုတွေ့ရပါတယ်။
◼ ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ နဲ့ ၃၀ မှာ Zack Snyder ရဲ့ Full Circle Event က အမေးအဖြေကဏ္ဍတစ်ခုမှာ ပရိသတ်တွေက Batman vs Superman: Dawn of Justice ဟာ ဝေဖန်ရေးသမားတွေရဲ့အဆိုးတုံပြန်မှုကို ဘာလို့ရခဲ့တယ်လို့ထင်လဲ လို့ မေးလာခဲ့ချိန်မှာတော့ Zack Snyder က ၎င်းရဲ့ DCEU ရုပ်ရှင်အပေါ်တည်ဆောက်မှုကို ပရိသတ်အများစုက လက်မခံနိုင်ကြတဲ့အတွက်ဖြစ်တယ်လို့ ယူဆမိကြောင်း ပြန်လည်ဖြေဆိုလာပါတယ်။
◼ Zack Snyder ရဲ့ တုံ့ပြန်ဖြေဆိုမှုအပြည့်အစုံကတော့
"ကျွန်တော့်အထင်ပြောရရင်၊ မှားရင်လဲမှားမှာပေါ့၊ လူတွေအများစုကရုပ်ရှင်သွားကြည့်တဲ့အခါကျ ဒါကြီးကစူပါဟီးရိုးဆန်လိုက်တာ၊ ပျော်ဖို့ကောင်းမှာပဲ ဆိုပြီးပြောကြတယ်။ ကျွန်တော်က အဲမှာ ပြင်းထန်တဲ့ယုံကြည်မှုတွေ၊ ဇာတ်လမ်းအကြီးစားတွေ၊ ခင်ဗျားတို့တွေအာရုံစိုက်ဖို့လိုတဲ့ ခေတ်သစ်စူပါဟီးရိုးဆိုင်ရာဒဏ္ဍာရီဇာတ်လမ်းတွေချပြလိုက်တယ်။ အဲမှာသူတို့အတွက်မမိုက်တော့ဘူး။ ဒါမျိုးက သူတို့လိုချင်တာမျိုးမဟုတ်ခဲ့ဘူး။ သူတို့စိတ်ထဲမှာ 'ဟ ဘာကြီးလဲဟ။ ပျင်းစရာကောင်းလိုက်တာ၊ ဘာလို့ညဘက်မှာချနေကြတာတုံးဟ၊ မုန်းလိုက်တာ' ဆိုပြီးဖြစ်ကုန်ကြရော။"
◼ Zack Snyder ဟာ လက်ရှိမှာ Netflix မှာ ပြသမယ့် ၎င်းရဲ့ Star Wars စတိုင် sci-fi ရုပ်ရှင်သစ်တွေဖြစ်တဲ့ Rebel Moon Part 1 နဲ့ 2 အတွက် ပြင်ဆင်နေပါတယ်။
◼ Batman vs Superman: Dawn of Justice ဟာ Man of Steel အပြီး အခြေအနေတွေကိုဇာတ်အိမ်ယူထားတဲ့ DCEU ရုပ်ရှင်ဖြစ်ပြီး နာမည်ကျော် DC ဇာတ်ကောင်တွေဖြစ်တဲ့ Superman, Batman နဲ့ Wonder Woman တို့ကို အတူတူပူးတွဲမိတ်ဆက်ခဲ့တာပါ။ ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုကိုမရခဲ့ပေမယ့်လည်း ပရိသတ်တုံ့ပြန်မှုအားကောင်းခဲ့သလို ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိခဲ့ပါတယ်။
◼ Warner Bros. Discovery ကတော့ လက်ရှိမှာ ဒါရိုက်တာ James Gunn နဲ့ ထုတ်လုပ်သူ Peter Safren တို့ကို DC Studios တစ်ခု တည်ဆောက်ပေးကာ DCEU နဲ့ ပတ်သက်မှုမရှိတဲ့ DC Universe သစ် ပရောဂျက်တွေကို ထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ လက်ရှိမှာ DC Universe သစ်အတွက် ပရောဂျက်ဆယ်ခုကို တရားဝင်အတည်ပြုထားတာဖြစ်ပြီး အဲဒီပရောဂျက်တွေထဲက Superman: Legacy ရုပ်ရှင်ကိုတော့ ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်ပြသမှာပါ။
Ref: CBR
Sub-Zero ရေးသည်။
0 Comments