Games of Thrones ကြောင့် ဘဝဟာအဆင်ပြေသလို ခက်ခဲခဲ့တယ်လို့ Lena Headley ပြောလာ
မေ ၁၂၊ ၂၀၂၃။
◼ HBO ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲ Game of Thrones ပြီးဆုံးခဲ့တာ ယခုအချိန်မှာတော့ ငါးနှစ်ရှိပြီဖြစ်ပါတယ်။ HBO ဟာ Game of Thrones အပြီးမှာ House of the Dragon ဇာတ်လမ်းတွဲ အပြင် A Knight of Seven Kingdoms: The Hedge Knight ဆိုတဲ့ Game of Thrones prequel spin-off series တစ်ခုကိုလည်း ထပ်မံထုတ်လုပ်သွားဦးမှာဖြစ်သလို Game of Thrones စာရေးဆရာ George R. R. Martin ဟာလည်း သရုပ်ဆောင် Kit Harrington ရဲ့ Jon Snow spin-off ကိုလည်း ထုတ်လုပ်ချင်နေပါတယ်။
◼ Game of Thrones လို့ ပြောလိုက်တာနဲ့ သရုပ်ဆောင် Lena Headley ရဲ့ Cersei Lannister ဇာတ်ကောင်ကိုလည်း ပရိသတ်တွေက တန်းမြင်ကြမှာပါ။ Game of Thrones ရဲ့ ဇာတ်ကောင်တွေထဲမှာ Lena Headley ရဲ့ Cersi Lannister ဟာလည်း လူကြိုက်များတဲ့ဇာတ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။
◼ Lena Headley ဟာ Game of Thrones အပြီး ၎င်းရဲ့အနုပညာအလုပ်ဟာ ပိုမိုခက်ခဲလာစေကြောင်း People မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုမှတ်ချက်ပေးလာပါတယ်။
"Thrones က တကယ်အံ့သြစရာကောင်းတဲ့ဟာပါ။ ကျွန်မစိတ်ထဲမှာ ဒါကြီးတော့ပြီးသွားပြီ ငါတော့နောက်ပိုင်းကျလွယ်လာပြီလို့ လုံးဝမတွေးမိခဲ့ဖူးဘူး။ ဒီဟာက ကျွန်မအတွက်တံခါးချပ်တွေပွင့်စေခဲ့တယ်၊ ကျွန်မအလုပ်ကိုပိုပြီးလွယ်ကူစေခဲ့တာလည်းရှိတယ်။ ကျွန်မအတွက် ငါဘာလုပ်ရမလဲ ဆိုပြီး တွေးနေမိစေလို့ ခက်ခဲစေခဲ့တာမျိုးလည်းရှိခဲ့တယ်။"
◼ Lena Headley ဟာ Game of Thrones ဇာတ်လမ်းတွဲကြောင့် ၎င်းရဲ့အလုပ်အကိုင်ဟာ ပိုမိုလွယ်ကူစေသလို ပိုပြီးခက်ခဲစေခဲ့တာမျိုးလည်းရှိတယ်လို့ ပြောခဲ့တာပါ။ Lena Headley ဟာ Game of Thrones အပြင် DC League of Superpets, 300, The Parole Officer,Gunpowder Milkshake တို့မှာပါဝင်ခဲ့သလို Marvel ရုပ်ရှင် Thor: Love and Thunder မှာလည်း ပါဝင်ခဲ့ပေမယ့်လည်း ၎င်းပါဝင်ထားတဲ့ဇာတ်ဝင်ခန်းဟာ ဖြတ်တောက်ခံခဲ့ရပါတယ်။
◼ လက်ရှိမှာ Lena Headley ဟာ HBO ရဲ့ White House Plumbers မှာ သရုပ်ဆောင်လျက်ရှိပါတယ်။
Ref: People
Sub-Zero ရေးသည်။
0 Comments