နောက်ထပ် sequel ထွက်လာဦးမယ့် စပိန်ရုပ်ရှင် The Platform
မေ ၁၂၊ ၂၀၂၃။
◼ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ sci-fi horror ရုပ်ရှင် The Platform ဟာ Netflix ရဲ့ စပိန်ရုပ်ရှင်တွေထဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရုပ်ရှင်ပရိသတ်တွေကြားမှာ ဆွေးနွေးငြင်းခုန်မှုတွေ မြင့်တက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။
◼ စတင်ထွက်ရှိချိန်ကနေ သုံးနှစ်အကြာမှာတော့ The Platform ဟာ နောက်ထပ် Sequel တစ်ကား ထပ်မံထွက်ရှိလာဦးမှာဖြစ်ကြောင်း Netflix က first look ပုံ သုံးပုံနဲ့အတူ တရားဝင်အတည်ပြုလာခဲ့ပြီဖြစ်ပါတယ်။
◼ The Platform sequel ရဲ့ ထွက်ရှိလာတဲ့ first look ပုံများအရ ရုပ်ရှင်အသစ်မှာ Milena Smit နဲ့ Money Heist Hovik Keuchkerian ကို မြင်တွေ့ရပါတယ်။ The Platform sequel ကို ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Galder Gaztelu-Irrutia ကပဲ ရိုက်ကူးသွားမှာပါ။
◼ The Platform ရဲ့ Sequel အကြောင်းကို အနည်းအကျဥ်းမျှသာ သိရသေးပြီး ထွက်ရှိမယ့်ရက်အပါအဝင် ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းအကြောင်းကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
◼ ဖန်တီးမှုအားကောင်းပြီး အမြဲတမ်း ရုပ်ရှင်အဆန်းကြီးတွေကိုမှ ရိုက်ကူးတဲ့ Galder Gaztelu-Irrutia တစ်ယောက် ဒီရုပ်ရှင်မှာ ဘယ်လိုတွေ လုပ်ပြဦးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Ref: Netflix
Loki ရေးသည်။
0 Comments