Supernatural prequel ဇာတ်လမ်းတွဲ The Winchesters ဖျက်သိမ်းခံရပြီ
မေ ၁၂၊ ၂၀၂၃။
◼ Supernatural သရုပ်ဆောင် Jensen Ackles ကိုယ်တိုင်ပါဝင်ပြီး ထုတ်လုပ်သူအဖြစ်တာဝန်ယူထားတဲ့ CW ရဲ့ Supernatural prequel spin-off ဇာတ်လမ်းတွဲ The Winchesters ဟာ Season 1 အပြီးမှာတင် ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။
◼ The Winchesters ဟာ Supernatural က အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Sam နဲ့ Dean တို့ရဲ့မိဘတွေဖြစ်တဲ့ John နဲ့ Mary တို့အကြောင်း ပြသခဲ့တာဖြစ်ပြီး စုစုပေါင်း အပိုင်း ၁၃ ပိုင်း ပါဝင်ခဲ့ပါတယ်။ John အဖြစ် Drake Rodger က သရုပ်ဆောင်ထားပြီး Mary အဖြစ် Meg Donnelly က ပါဝင်ထားတဲ့ The Winchesters ဟာ မူရင်း Supernatural နဲ့ ပုံစံကွဲနေတဲ့အတွက် ဝေဖန်သံတချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
◼ CW ဟာ The Winchesters အပါအဝင် အမေရိကန်ရောက်တရုတ်လူမျိုးတွေအကြောင်းပြသထားတဲ့ Kung Fu ဇာတ်လမ်းတွဲ နဲ့ သရုပ်ဆောင် Jared Padalecki ရဲ့ Walker ဇာတ်လမ်းတွဲရဲ့ prequel ဇာတ်လမ်းတွဲ Walker: Independence ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ သို့ပေမယ့် CW ရဲ့ အမာခံဇာတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ All American ဇာတ်လမ်းတွဲနဲ့ Jared Padalecki ရဲ့ Walker ဇာတ်လမ်းတွဲတို့ကိုတော့ နောက်ထပ် Season အသစ် ဆက်လက်ထုတ်လုပ်ပေးသွားမှာပါ။ ကျန်ရှိနေတဲ့ CW DC ဇာတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ Superman and Lois နဲ့ Gotham Knights တို့ရဲ့အနာဂတ်ကိုတော့ မသိရသေးပါဘူး။
◼ CW ရုပ်သံလိုင်းဟာ WarnerBros. နဲ့ Paramount တို့ ပူးတွဲပိုင်ဆိုင်တဲ့ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး Warner Bros. နဲ့ Paramount ဟာ ၎င်းတို့ရဲ့ကိုယ်ပိုင် OTT Streaming Platform တွေဖြစ်တဲ့ HBO Max နဲ့ Paramount+ တို့ကိုပြုလုပ်ရရှိပြီးချိန်မှာတော့ CW ကို NEXSTAR ကုမ္ပဏီဆီကိုရောင်းချလိုက်တဲ့အတွက် CW ပိုင် ရုပ်သံဇာတ်လမ်းတွဲတွေဟာ အခုလိုဖျက်သိမ်းခံလိုက်ရတာပါ။
◼ The Winchesters ဖျက်သိမ်းခံရမှုအတွက် Jensen Ackles ဟာ The Winchesters ကို တခြား ရုပ်သံလိုင်းတစ်ခုကနေဝယ်ယူပြသပေးဖို့ #SaveTheWinchesters ဆိုတဲ့ ကမ်ပိန်းတစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Ref: Deadline
McGarrett ရေးသည်။
0 Comments