Porpular

6/recent/ticker-posts

ဒိတ်ဒိတ်ကြဲတွေ ကိုင်တွယ်သွားမယ့် Horror ရုပ်ရှင် The Monkey


ပုံစာ - The Monkey မှာ ပါဝင်သွားမယ့် Theo James


ဒိတ်ဒိတ်ကြဲတွေ ကိုင်တွယ်သွားမယ့် Horror ရုပ်ရှင် The Monkey

မေ ၁၂၊ ၂၀၂၃။

◼ Conjuring Universe ပရိသတ်တွေအနေနဲ့ Ed နဲ့ Lorrane တို့ ဇနီးမောင်နှံ နှစ်ဦး သူတို့အိမ်ရဲ့ မြေအောက်ခန်းမှာ အမှတ်တရသိမ်းထားတဲ့ပစ္စည်းတွေနဲ့ ချစ်စရာကောင်းတဲ့ အရုပ်တွေအကြောင်းကို ကောင်းကောင်းကြီး မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။

◼ အဲဒီအရုပ်တွေထဲကမှ သေးသေးလေးနဲ့ ချစ်ဖို့ကောင်းပြီး လင်းကွင်းနှစ်ချပ်ကို တီးဖို့ဟန်ပြင်နေတဲ့ မျောက်ရုပ်လေးအကြောင်းကို "The Monkey" အမည်နဲ့ ရုပ်ရှင်အဖြစ် အသက်သွင်းတော့မယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကို Stephen King ရဲ့ လက်ရာ "The Monkey" ဝတ္ထုတိုကို အခြေခံပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

◼ "The Monkey" ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဥ်းက အမွှာညီအစ်ကိုနှစ်ဦးဟာ အိမ်ထပ်ခိုးမှာရှိတဲ့ သူတို့အဖေရဲ့ မျောက်ရုပ်ဟောင်းလေး တစ်ရုပ်ကို ရှာတွေ့သွားရာကနေ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့ ရင်းနှီးသူတွေရဲ့ သေဆုံးမှုတွေ ဖြစ်လာပါတော့တယ်။ ဒီနောက်မှာ ညီအစ်ကိုနှစ်ယောက်လုံးက ဒီမျောက်ရုပ်ကို လွှင့်ပစ်လိုက်ကြပြီး နှစ်တွေအကြာကြီး ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်ခဲ့ကြပါတယ်။ နှစ်ကာလကြာသွားခဲ့ပေမယ့် ကံကြမ္မာဆိုးတွေ ပြန်ရောက်လာအခါမှာ ထူးဆန်းတဲ့ လူသေမှုတွေ ပြန်ဖြစ်လာတဲ့အခါမှာ အမွှာညီအစ်ကိုလည်း ပြန်ဆုံတွေ့ရဖို့ ဖြစ်လာပြီး သူတို့ရဲ့ ရည်မှန်းချက်က မျောက်ရုပ်ကို ရှာပြီး ဖျက်စီးပစ်ဖို့ပါ။ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်မှာလား မအောင်မြင်ဘူးလားဆိုတာကို ရုံတင်တဲ့အခါမှပဲ သိရပါမယ်။

◼ "The Monkey" ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကျေနပ်စရာတစ်ခုက ဒီရုပ်ရှင်ကို ကိုင်တွယ်သွားမယ့် သူတွေကြောင့်ပါ။

◼ ဒီရုပ်ရှင်က Conjuring Universe နဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် ဒီရုပ်ရှင်ကို ထုတ်လုပ်မယ့်သူက James Wan ဖြစ်နေတာ မဆန်းပါဘူး။ James Wan ဆိုတာက Conjuring Universe ကို ဖန်တီးသူ၊ Saw နဲ့ Insidious ရုပ်ရှင်တွေကို ပူးတွဲဖန်တီးခဲ့သူ တစ်ဦးပါ။

"The Monkey" ရုပ်ရှင်ကို ထုတ်လုပ်ရာမှာ ပါဝင်သွားမယ့်သူတွေက Divergent သုံးကားတွဲနဲ့ The White Lotus သရုပ်ဆောင် Theo James, သူက ဒီရုပ်ရှင်မှာ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်ထားတာပါ။ M3GAN ကို ထုတ်လုပ်သူ Michael Clear, Joker ရုပ်ရှင်ကို ထုတ်လုပ်ရာမှာ ပါခဲ့သူ Jason Cloth, ပြီးတော့ လူသိနည်းသလောက် တအားမိုက်တဲ့ Babylon ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားသူ Dave Caplan နဲ့ Horror ရုပ်ရှင်တွေကို အများအပြား ဖန်တီးထားသူ Osgood Perkins တို့ပဲ ဖြစ်ပါတယ်။

◼ သူတို့တွေအကုန်လုံးက Horror/Thriller ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ အတွေ့အကြုံရှိထားသူတွေချည်းဖြစ်တာကြောင့် "The Monkey" ရုပ်ရှင်က မကောင်းမှာကို တွေးမပူရတော့ပါဘူး။

◼ ဒါပေမယ့် တစ်ခုပါပဲ။ သရဲဝင်ပူးနေတဲ့ မျောက်ရုပ်တောင်မှ Solo Movie ရနေချိန်မှာ အစွမ်းတွေပိုင်ဆိုင်ထားတဲ့လူတွေ​က Solo Movie ရဖို့ အသာထား၊ သူတို့ဇာတ်ကောင်ပါ မပါ မသေမချာဖြစ်နေတာမြင်ရတော့ ရယ်ချင်ပက်ကျိ ဖြစ်မိသွားပါတယ်။

Ref: Deadline

Loki ရေးသည်။

Post a Comment

0 Comments