မဟာဘာရတကို ဆယ်ပိုင်းတွဲရုပ်ရှင်အဖြစ် ဒါရိုက်တာ S.S. Rajmouli ရိုက်ကူးချင်နေ
မေ ၁၂၊ ၂၀၂၃။
◼ Bahubali ရုပ်ရှင်နှစ်ကားနဲ့ RRR ရုပ်ရှင်တို့ဟာ ဟောလိဝုဒ်ပရိသတ်တွေကြားမှာ နေရာတော်တော်များယူထားသလို RRR အဖွဲ့သားတွေဖြစ်တဲ့ ဒါရိုက်တာ S.S. Rajmouli, သရုပ်ဆောင် Jr. NTR နဲ့ Ram Charan တို့ဟာလည်း အနောက်တိုင်းမှာရေပန်းစားလျက်ရှိနေပြီဖြစ်ပါတယ်။
◼ ဒါရိုက်တာ S.S.Rajmouli ဟာ ယခုအခါမှာတော့ သရုပ်ဆောင် Mahesh Babu ရဲ့ ရုပ်ရှင်ကားသစ် SSMB 29 (တရားဝင်အမည်မသတ်မှတ်ရသေး) ကို တာဝန်ယူရိုက်ကူးနေတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ဟနုမာန်ဇာတ်ကောင်ကိုအခြေခံပြီး ပြန်လည်ဖန်တီးထားတဲ့ရုပ်ရှင်ဖြစ်တယ်လို့သိရပါတယ်။
◼ ဟိန္ဒူဘာသာရဲ့ အရေးပါတဲ့ဘာသာရေးစာပေတစ်ခုဖြစ်ပြီး ဂါထာပေါင်းများစွာပါဝင်တဲ့ မဟာကဗျာရှည်တစ်ပုဒ်ဖြစ်တဲ့ မဟာဘာရတ ကို ရုပ်ရှင်အဖြစ် ဖန်တီးချင်တယ်လို့ ဒါရိုက်တာ S.S. Rajmouli က ပြောပြလာပါတယ်။ မဟာဘာရတ ကို ရုပ်ရှင်အဖြစ်ဖန်တီးချင်စိတ်ဟာ ၎င်းရဲ့ အိပ်မက်စိတ်ကူးတစ်ခုဖြစ်ပြီး ဒီစိတ်ကူးကိုသာ အကောင်အထည်ဖော်ခွင့်ရခဲ့မယ်ဆိုရင် ဆယ်ကားတွဲစာရုပ်ရှင် franchise တစ်ခုအဖြစ် ရိုက်ကူးလိုကြောင်း S.S. Rajmouli က RRR ရုပ်ရှင်ရဲ့ ပရိုမိုးဆင်းပွဲတစ်ခုမှာ ပြောပြလာခဲ့တာပါ။
◼ မဟာဘာရတကိုအခြေခံရိုက်ကူးထားတဲ့ Star Plus ရဲ့ အပိုင်း ၂၆၉ ပိုင်းပါ ဇာတ်လမ်းတွဲ Mahabhart ကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့အစီအစဥ်ရှိမရှိဆိုတဲ့မေးခွန်းကနေတစ်ဆင့် S.S. Rajmouli ဟာ မဟာဘာရတကို ရုပ်ရှင်အဖြစ်ဖန်တီးသွားဖို့ဆိုတာဟာ ၎င်းရဲ့စိတ်ကူးအိပ်မက်တစ်ခုဖြစ်ကြောင်း အခုလိုပြောလာပါတယ်။
"မဟာဘာရတကိုရုပ်ရှင်အဖြစ်ရိုက်ကူးရတော့မယ်ဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မဟာဘာရတမူကွဲတွေအားလုံးကိုလိုက်ဖတ်ဖို့ အချိန်တစ်နှစ်လောက်ကိုယူရလိမ့်မယ်။ လောဆယ်ကျွန်တော်ပြောနိုင်တာကတော့ ဆယ်ကားတွဲစာရုပ်ရှင် အဖြစ် လုပ်မယ်။"
◼ မဟာဘာရတဟာ ဗျာသရသေ့ကြီးရေးသားခဲ့တဲ့ကဗျာရှည်တစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်းမှာ မဟာဘာရတနဲ့ပတ်သက်ပြီး မူကွဲပေါင်းများစွာရှိနေပါတယ်။
◼ မဟာဘာရတကို ရုပ်ရှင်အဖြစ်ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပုံကိုလည်း S.S. Rajmouli က "ဘယ်ရုပ်ရှင်ကိုပဲကျွန်တော်ရိုက်ရိုက်၊ မဟာဘာရတရုပ်ရှင်အတွက် ကျွန်တော်အများကြီးပြင်ဆင်နေတယ်ဆိုပြီးအမြဲခံယူထားတယ်။" လို့ ပြောလာပါသေးတယ်။ S.S. Rajmouli ဟာ ၎င်းသာ မဟာဘာရတကိုရုပ်ရှင်ရိုက်ခွင့်ရမယ်ဆိုရင် ဒီရုပ်ရှင်ဟာ ဘယ်လိုမဟာဘာရတရုပ်ရှင်နဲ့မှပုံစံတူညီမှာမဟုတ်ကြောင်း၊ ဇာတ်တော်အကြောင်းအရာတူညီပေမယ့် မြင်တွေ့ရမယ့်ပုံစံဟာကွဲပြားနေမှာဖြစ်ကြောင်း ပြောပြလာပါတယ်။
◼ မဟာဘာရတ ဟာ အာရိယန်ဒေသက ညီနောင်မျိုးနွယ်ဝင်နှစ်ခုဖြစ်တဲ့ ကောရဝါမင်းသားတစ်ရာနဲ့ ပဏ္ဏဝမင်းသားငါးယောက်တို့ရဲ့စစ်ပွဲ ကုရုသျှတ္တရစစ်ပွဲအကြောင်းနဲ့ ကုရုသျှတ္တရစစ်ပွဲဖြစ်ပေါ်လာပုံအကြောင်းတွေကို အဆင့်ဆင့်ရေးသားဖော်ကြူးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မဟာဘာရတနဲ့ပတ်သက်ပြီး Star Plus ရဲ့ အပိုင်း ၂၆၉ ပိုင်းပါ ဇာတ်လမ်းတွဲ Mahabhart ကို လွန်ခဲ့တဲ့နှစ်တွေက တီဗွီရုပ်သံလိုင်းတွေမှာ မြန်မာစာတန်းထိုးနဲ့ပြသခဲ့ဖူးပါတယ်။
◼ မဟာဘာရတနဲ့ပတ်သက်ပြီး လက်ရှိမှာ Disney+ Hotstar နဲ့ Dharma Production တို့ဟာ live-action ဇာတ်လမ်းတွဲတစ်ခုဖန်တီးဖို့်လျာထားလျက်ရှိပါတယ်။
Ref: Hindustan Times
McGarrett ရေးသည်။
0 Comments