Guardians of the Galaxy သရုပ်ဆောင်တွေလည်း ပါဝင်သွားမယ့် Supernan: Legacy
မေ ၇၊ ၂၀၂၃။
◼ DC Universe သစ်ရဲ့ ပထမဆုံး Superman ရုပ်ရှင် Superman: Legacy ကို DC Studios ရဲ့ ပူးတွဲစီအီးအိုတစ်ဦးဖြစ်သူ ဒါရိုက်တာ James Gunn က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။
◼ Superman: Legacy မှာ James Gunn ရဲ့ MCU ရုပ်ရှင်တွေဖြစ်တဲ့ Guardians of the Galaxy သရုပ်ဆောင်တွေထဲကတချို့လည်း ပါဝင်လာမှာဖြစ်ကြောင်း James Gunn က အတည်ပြုခဲ့ပါတယ်။
◼ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Twitter ကနေတစ်ဆင့် ပရိသတ်တစ်ယောက်က Superman: Legacy မှာ Guardians of the Galaxy တွေထဲက သရုပ်ဆောင်တွေကို ပြန်လည်တွေ့မြင်ရမှာလား ဆိုပြီး James Gunn ကို မေးလာတဲ့အခါမှာ James Gunn က တွေ့ရမယ် ဆိုပြီး ပြန်လည်ဖြေဆိုလာပါတယ်။ သို့ပေမယ့် Guardians of the Galaxy တွေထဲက ဘယ်သရုပ်ဆောင်ကို Superman: Legacy မှာ ပြန်လည်တွေ့မြင်ရမလဲဆိုတာကိုတော့ အတည်မပြုခဲ့ပါဘူး။
◼ ဒါ့အပြင် Guardians of the Galaxy သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Pom Klementieff ဟာလည်း DC Universe သစ်မှာပါဝင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း ၎င်းကိုယ်တိုင်အတည်ပြုခဲ့ပါသေးတယ်။
◼ James Gunn ဟာ ၎င်းရိုက်ကူးခဲ့တဲ့ The Suicide Squad မှာလည်း Guardians of the Galaxy တွေထဲက သရုပ်ဆောင်တချို့ကို ပြန်လည်အသုံးပြုခဲ့သလို The Suicide Squad နဲ့ Peacemaker က သရုပ်ဆောင်တချို့ကိုလည်း Guardians of the Galaxy တွေမှာ ပြန်လည်အသုံးပြုခဲ့ပါသေးတယ်။
◼ Superman: Legacy ဟာ လက်ရှိမှာ pre-production အဆင့်မှာရှိနေပြီဖြစ်သလို ဇူလိုင် ၁၁၊ ၂၀၂၅ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: Twitter
Sub-Zero ရေးသည်။
0 Comments