Porpular

6/recent/ticker-posts

ဘတ်ဂျက်မြင့်အက်ရှင်ကားတစ်ကားမှာ ပါဝင်ကြမယ့် Henry Cavill, Jake Gyllenhaal နဲ့ Eiza González



ဘတ်ဂျက်မြင့်အက်ရှင်ကားတစ်ကားမှာ ပါဝင်ကြမယ့် Henry Cavill, Jake Gyllenhaal နဲ့ Eiza González

မေ ၆၊ ၂၀၂၃။

◼ The Man from U.N.C.L.E., Aladdin, King Arthur: Legend of the Sword နဲ့ Aladdin တို့ရဲ့ဘဒါရိုက်တာ Guy Ritchie ရိုက်ကူးမယ့် ဘတ်ဂျက်မြင့်အက်ရှင်ရုပ်ရှင်ကားတစ်ကားမှာ မြန်မာပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ သရုပ်ဆောင် Henry Cavill နဲ့ Jake Gyllenhaal အပြင် Baby Driver သရုပ်ဆောင် Eiza González တို့ ပါဝင်သွားကြမှာဖြစ်ပါတယ်။

◼ ရုပ်ရှင်ရဲ့နာမည်၊ ဇာတ်လမ်းနဲ့ ပြသရက်တွေကိုတော့ အသေးစိတ်မသိရသေးပေမယ့် ဇာတ်လမ်းကိုတော့ Guy Ritchie က ရေးသားသွားမှာဖြစ်ပြီး ကယ်ဆယ်ရေးလက်ရုံးတပ်သားနှစ်ယောက်ရဲ့ အက်ရှင်ပြကွက်တွေကိုအသားပေးမယ့်ရုပ်ရှင်အမျိုးအစားဖြစ်သလို ၂၀၂၃ နွေရာသီမှာ စပိန်နိုင်ငံမှာ ရိုက်ကူးရေးစတင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ 

◼ Guy Ritchie ရဲ့ နောက်ထပ်အသစ်ထွက်မယ့် ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင် The Ministry of Ungentlemanly Warfare မှာလည်း Henry Cavill နဲ့ Eiza González တို့ ပါဝင်ထားကြပါသေးတယ်။

◼ Henry Cavill ဟာ DCEU နဲ့ The Witcher ကို ကျောခိုင်းအပြီးမှာ အသစ်ထွက်မယ့် Apple TV+ ရဲ့ Argylle ရုပ်ရှင်၊ Lionsgate ကနေ ထုတ်လုပ်မယ့် Highlander ရုပ်ရှင်နဲ့ Amazon ရဲ့ Warhammer 40,000 ဇာတ်လမ်းတွဲတို့မှာ သရုပ်ဆောင်သွားဦးမှာပါ။

◼ Jake Gyllenhaal ကတော့ Apple TV+ ရဲ့ Presumed Innocent ဇာတ်လမ်းတွဲ၊ Amazon ရဲ့ Road House Remake တွေမှာ ပါဝင်ထားပါတယ်။

ပုံစာ (ဝဲမှယာ) - Henry Cavill, Jake Gyllenhaal, Eiza González

Ref: Deadline

McGarrett ရေးသည်။

Post a Comment

0 Comments