ရိုက်ကူးရေးမစတင်နိုင်သေးတဲ့ Stranger Things Season 5
မေ ၇၊ ၂၀၂၃။
◼ မေလ ၂ ရက်နေ့ကနေစတင်ဖြစ်ပွားနေတဲ့ အမေရိကန်က ဇာတ်ညွှန်းဆရာများသမဂ္ဂတစ်ခုဖြစ်တဲ့ Writers Guild Association (WGA) ရဲ့ အနုပညာဆိုင်ရာ ညှိနှိုင်းအသင်းတစ်ခုဖြစ်တဲ့ Alliance of Motion Picture and Television Producers (AMPTP) အပေါ် သပိတ်မှောက် ဆန္ဒပြတောင်းဆိုမှုတွေဟာ တစ်စထက်တစ်စအရှိန်ပြင်းထန်လာနေပါတယ်။ WGA သပိတ်ဟာ WGA နဲ့ AMPTP ကြားက တင်းမာမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ အလုပ်သမားသပိတ်တစ်ခုဖြစ်ပါတယ်။
◼ လက်ရှိဖြစ်ပွားနေတဲ့ WGA သပိတ်ကြောင့် Netflix ဇာတ်လမ်းတွဲ Stranger Things ရဲ့ Season 5 ဟာ ရိုက်ကူးရေးစတင်လုပ်ဆောင်ဖို့မဖြစ်နိုင်ကြောင်း Stranger Things ရဲ့ ပူးတွဲ showrunner တွေဖြစ်ကြတဲ့ Duffer ညီနောင် Matt Duffer နဲ့ Ross Duffer တို့က တရားဝင်ထုတ်ပြန်ကြေညာလာပါတယ်။
◼ ၎င်းတို့အနေနဲ့ သပိတ်ကာလမှာ ရိုက်ကူးရေးစတင်ဖို့မဖြစ်နိုင်ကြောင်း Duffer ညီနောင်က Stranger Things ရဲ့ တရားဝင် Twitter စာမျက်နှာကနေတစ်ဆင့် အခုလိုကြေညာလာပါတယ်။
"Duffer တွေ ရှိပါတယ်။ ရိုက်ကူးရေးစတင်ကတည်းက ရေးသားမှုတွေရပ်မသွားပါဘူး။ အံ့သြစရာသရုပ်ဆောင်တွေ၊ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ရိုက်ကူးရေးစတင်ဖို့စိတ်လှုပ်ရှားရင်ခုန်ပေမယ့်လည်း သပိတ်ကာလမှာ ရိုက်ကူးရေးစတင်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အားလုံးအလုပ်ပြန်စလို့ရအောင် ညှိနှိုင်းမှုတွေအမြန်အဆင်ပြေဖို့ဆုတောင်းပါတယ်။ အဲဒါမတိုင်ခင်ကတော့ အကုန်ရပ်နားထားပါတယ်။"
◼ WGA သပိတ်ကြောင့် Stranger Things အပြင် နောက်ထပ် Netflix ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Big Mouth နဲ့ Cobra Kai တို့လည်း ရိုက်ကူးရေးရပ်ဆိုင်းထားရပါတယ်။
◼ Stranger Things ရဲ့ Season 5 ဟာ နောက်ဆုံး Season ဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ရင်ခုန်စောင့်စားနေကြတာလည်းဖြစ်ပါတယ်။
Ref: Variety
McGarrett ရေးသည်။
0 Comments