အမေရိကန်သမ္မတရဲ့ ညာလက်ရုံးဖြစ်လာမယ့် James Rhodes aka War Machine
Marvel | မေ ၁၀၊ ၂၀၂၃။
◼ Tony Stark ရဲ့ သူငယ်ချင်းလည်းဖြစ်သလို Iron Man 2 ကနေ စပြီး War Machine ဖြစ်လာတဲ့ Rhodey ဟာ MCU တစ်လျှောက်မှာ ပါဝင်ချိန် သိပ်မရပေမယ့် မကြာမီ ထွက်ရှိတော့မယ့် Disney+ MCU ဇာတ်လမ်းတွဲ Secret Invasion မှာတော့ အကောင်ကြီးကြီးတစ်ကောင် အနေနဲ့ ပါဝင်လာမယ်လို့ သိရပြီး ဒီဇာတ်ကောင်ကလည်း အရေးပါလာမယ်လို့ သိရပါတယ်။
◼ ဒီအကြောင်းအရာကို Rhodey ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားသူ Don Cheadle က Entertainment Weekly နဲ့ အင်တာဗျူးတစ်ခုမှာ Secret Invasion မှာ ပါဝင်လာမယ့် Rhodey aka War Machine က အမေရိကန်သမ္မတရဲ့ ညာလက်ရုံးတစ်ဆူ အနေနဲ့ ပါဝင်လာမယ်လို့ ပြောခဲ့တာပါ။
◼ MCU မှာ Rhodey က screentime များများစားစားမရထားပေမယ့် သူ ပါဝင်လာတဲ့ အခန်းတွေကလည်း တကယ်ကို အရေးပါတဲ့ အခန်းတွေ ဖြစ်နေပါတယ်။
◼ Iron Man 3 မှာ Rhodey က အမေရိကန်သမ္မတ Matthew Ellis ကို အသက်ဘေးကလွတ်အောင် ကယ်ဆယ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီအချိန်ကနေစပြီး အမေရိကန် အာဏာပိုင်တွေက Rhodey အပေါ် ခိုင်ခိုင်မာမာ ယုံကြည်လာခဲ့မယ်ဆိုတာ အသေအချာပါပဲ။
◼ Infinity War မှာ Captain America တို့ အဖွဲ့ Rhodey ဆီလာတဲ့အချိန်မှာ Rhodey က လူတစ်ချို့နဲ့ အစည်းအဝေးလုပ်နေတာကို မြင်ရမှာပါ။ သူတို့တွေထဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Thaddeus Ross အပါအဝင်လည်း ဖြစ်ပါတယ်။
◼ Thaddeus Ross က Captain America တို့ အဖွဲ့ကို ဖမ်းဖို့ Rhodey ကို ပြောလိုက်ချိန်မှာ Rhodey က အစည်းအဝေးကို ချက်ချင်းရပ်လိုက်တာကို သတိထားမိကြမှာပါ။ ဆိုလိုတာက အဲ့ဒီအချိန်မှာ Rhodey က အာဏာကို ကိုင်ဆုပ်ထားနိုင်တဲ့ အနေအထားရောက်နေပြီး သူ့အနေနဲ့ ဝန်ကြီးမကလို့ ဘယ်သူ့နေနေ ဂရုမစိုက်ပဲ သူလုပ်ချင်တာလုပ်နိုင်နေပြီလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
◼ Infinity War အပြီးမှာ စကြာဝဠာတစ်တိုက်လုံးရဲ့ သက်ရှိတစ်ဝက်က အမှုန့်ဖြစ်သွားတာကြောင့် ဖရိုဖရဲ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာလည်း ဒီ Snap ကိစ္စကြောင့် ကိစ္စတွေ အကုန်လုံး ဗရမ်းဗတာတွေ ကြုံတွေ့နေရမှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံလည်း အပါအဝင်ပါပဲ။
◼ ကံကောင်းသွားတာ တစ်ခုက Rhodey က Snap ထဲ မပါသွားတဲ့အတွက်ကြောင့် အမေရိကန် အာဏာပိုင်တွေနဲ့ Rhodey လိုလူမျိုးကို ပိုအားကိုးလာကြရမှာဖြစ်ပြီး Secret Invasion ရဲ့ Trailer တစ်ခုမှာဆို Rhodey အတွက် သက်တော်စောင့်တွေတောင် ထားရတဲ့ အဆင့်ထိကို ရောက်နေတာ မြင်ကြရမှာပါ။
◼Rhodey aka War Machine ဇာတ်ကောင်ကို MCU ထဲမှာ တဖြည်းဖြည်းချင်းတည်ဆောက်လာခဲ့ပြီး ဒီဇာတ်ကောင်ရဲ့ သရုပ်ဆောင်ဖြစ်သူ Don Cheadle ကလည်း Rhodey က အမေရိကန် သမ္မတရဲ့ ညာလက်ရုံးဖြစ်လာမယ်လို့ ပြောထားတဲ့အတွက်ကြောင့် Secret Invasion မှာ Rhodey ကို တစ်ခါမှ မမြင်ဖူးသေးတဲ့ ပုံစံမျိူးနဲ့ မြင်တွေ့ရတော့မှာပါ။
◼ Rhodey တစ်ယောက် သူငယ်ချင်းဆီကနေ မပေးတဲ့ဟာကို မရမက ယူလာတဲ့ ဝတ်စုံတစ်စုံနဲ့ ကောင်းစားနေပါပြီ။
Ref: The Direct
Loki ရေးသည်။
0 Comments