Porpular

6/recent/ticker-posts

မိဘတွေကိုပြန်သတ်ခဲ့တဲ့ညီနောင်အကြောင်းကို Monster Season 2 အဖြစ် ရိုက်ကူးသွားမယ်



မိဘတွေကိုပြန်သတ်ခဲ့တဲ့ညီနောင်အကြောင်းကို Monster Season 2 အဖြစ် ရိုက်ကူးသွားမယ်


မေ ၂၊ ၂၀၂၃။

◼ ဇာတ်ညွှန်းဆရာ Ryan Murphy ဖန်တီးပြီး Evan Peters ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Netflix ဇာတ်လမ်းတွဲ Dahmer – Monster: The Jeffrey Dahmer Story ဟာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ အောင်မြင်မှုများစွာရရှိခဲ့ပြီးတဲ့နောက်မှာ Netflix နဲ့ Ryan Murphy ဟာ Monster Season 2 ကို ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

◼ Monster Season 2 မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နောက်ထပ်လူသတ်သမားရာဇဝတ်ကောင်တွေအကြောင်းကိုပဲအခြေခံသွားမှာဖြစ်ပါတယ်။ 

◼ ၁၉၈၉ တုန်းက အမေရိကန်နိုင်ငံမှာ ကိုယ့်မိဘနှစ်ပါးကို ၁၂ဂိတ် ပြောင်းတိုသေနတ်နဲ့ ပြန်လည်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားညီနောင် Joseph Lyle Menéndez နဲ့ Erik Galen Menéndez တို့အကြောင်းကို Monsters Season 2 မှာ ပြသသွားမှာဖြစ်ကြောင်းနဲ့ Monsters Season 2 ရဲ့ တရားဝင်နာမည်ကို Monsters: The Lyle and Erik Menendez Story အဖြစ် သတ်မှတ်လိုက်ကြောင်း Deadline သတင်းအရ သိရပါတယ်။

◼ ၁၉၈၉ မှာ Lyle နဲ့ Erik Menendez တို့ဟာ ၎င်းတို့ရဲ့မိဘတွေဖြစ်တဲ့ José နဲ့ Mary Louise “Kitty” Menendez တို့ကို Beverly Hills က ၎င်းတို့ရဲ့နေအိမ်မှာပဲသေနတ်နဲ့ပစ်သတ်ခဲ့ကြတာပါ။ ပထမအစမှာတော့ ရဲတွေက Lyle နဲ့ Erik Menendez တို့ကို သံသယရှိသူအဖြစ်မထင်ခဲ့ကြပဲနဲ့နောက်ပိုင်းမှာမှ ၎င်းတို့ကျူးလွန်ခဲ့တာဖြစ်ကြောင်းကို စုံစမ်းနိုင်ခဲ့တာပါ။ Lyle နဲ့ Erik Menendez တို့ဟာ ၎င်းတို့မိဘတွေရဲ့အနိုင်ကျင့်မှုတွေကိုမခံနိုင်တော့တဲ့အတွက် သတ်ဖြတ်ခဲ့တယ်လို့ထွက်ဆိုကြပေမယ့်လည်း အစိုးရရှေ့နေဘက်ကတော့ ၎င်းတို့ညီအစ်ကိုဟာ မိဘတွေရဲ့အမွေတွေကိုလိုချင်တဲ့အတွက်သတ်ဖြတ်ခဲ့တယ်လို့ စွဲချက်တင်ခဲ့ပါတယ်။ Lyle နဲ့ Erik Menendez တို့ဟာ ယခုအချိန်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Richard J. Donovan Correctional Facility မှာ လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရပါတယ်။

◼ Dahmer – Monster: The Jeffrey Dahmer Story ဟာ ဇာတ်လမ်းအရတော့အောင်မြင်ခဲ့သလိုဆုတွေလည်းရရှိခဲ့ပေမယ့်လည်း Jeffrey Dahmer ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ကျန်ရစ်သူတွေကတော့ ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးဝေဖန်ပြစ်တင်နေကြပါတယ်။

◼ Monsters: The Lyle and Erik Menendez Story နဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် ၂၀၂၄ မှာ ပြသနိုင်ဖွယ်ရှိနေပါတယ်။

Ref: Deadline

ပုံစာ - Lyle နှင့် Erik Menendez တို့အားတရားခွင်တွင်တွေ့ရစဥ်
McGarrett ရေးသည်။

Post a Comment

0 Comments