အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ Queen Cleopatra
မေ ၁၅၊ ၂၀၂၃။
◼ Netflix ရဲ့ docudrama ဇာတ်လမ်းတွဲ Queen Cleopatra ဟာ စတင်မထုတ်လွှင်ခင်ကတည်းက သမိုင်းနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူ့အခွင့်အရေးနယ်ပယ်ကစလို့ ပညာရှင် အသိုင်းအဝိုင်းတွေအဆုံး ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပြီး ထုတ်လွှင့်ပြသခဲ့ချိန်မှာလည်း အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
◼ အပိုင်းလေးပိုင်းပါတဲ့ Queen Cleopatra ဇာတ်လမ်းတွဲဟာ လက်ရှိအချိန်မှာ Rotten Tomatos မှာ ဝေဖန်ရေးသမားရဗျူး 9 ခုနဲ့ Tomatometer ၁၁ ရာခိုင်နှုန်း သာရရှိထားပြီး Audience Score မှာတော့ ပရိသတ်ရဗျူးပေါင်း ၂၅၀၀ ကျော်နဲ့ ၂ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။
◼ နောက်ထပ် ရုပ်ရှင်ဒေတာဘေ့စ်တစ်ခုဖြစ်တဲ့ IMDb မှာလည်း 1.2/10 ပဲ ရရှိထားပြီး မယုံကြည်ချင်စရာကောင်းလောက်တဲ့ Rating တွေရနေတာပါ။
◼ Netflix ဟာ ဘယ်လိုစိတ်ကူးနဲ့ သမိုင်းပြောင်းပြန်လှန်တဲ့ Queen Cleopatra လို ဇာတ်လမ်းတွဲကို ဘာလို့ခွင့်ပြုတယ်ဆိုတာ မစဥ်းစားတတ်အောင်ပါပဲ။
◼ Queen Cleopatra မှာ ကလီယိုပတ်ထရာနေရာအတွက် အာဖရိကန်-ဗြိတိန်သရုပ်ဆောင်တစ်ဦးကိုအသုံးပြုထားတဲ့အတွက် အီဂျစ်ရှေးဟောင်းသုတေသနပညာရှင် Zahi Hawass ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ Zahi Hawass ဟာ အမေရိကန်၊ လော့စ်အိန်ဂျလစ်စ်မြို့က တက္ကသိုလ်တစ်ခုမှာ ပါမောက္ခအဖြစ်စာသင်ပြနေလျက်ရှိပြီး ကလီယိုပတ်ထရာနေရာအတွက် ဝေဖန်မှုတွေကြောင့် လူတစ်စုက ၎င်းရဲ့စာသင်ခန်းမှာ လူမျိုးရေးခွဲခြားမှုဆန်တဲ့ ဝေဖန်မှုမျိုးပြုလုပ်ရကောင်းလားဆိုပြီး ဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
◼ Zahi Hawass ကတော့ al-Qahira wal Nas (Cairo and the People) ရုပ်သံလိုင်းက Hadith al-Qahira (Cairo Talk) အစီအစဥ်မှာ ၎င်းအပေါ် ဆန္ဒပြမှုတွေကို အခုလိုတုံ့ပြန်လာပါတယ်။
"လူမည်းတွေကိုဆန့်ကျင်နေတာမဟုတ်ပါဘူး။ အာရှတိုက်မှာလည်းဒါမျိုးဖြစ်လာရင်လည်း ကျွန်တော့်ဘက်က ဆန့်ကျင်ရမှာပါပဲ။"
◼ ဟောလိဝုဒ်က ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လူမျိုးရေးကိစ္စတွေကိုအကြောင်းပြုပြီး စီးပွားရေးပြုလုပ်နေရာကနေ ယခုအခါမှာတော့ Queen Cleopatra ဟာ လူမျိုးရေးပဋိပက္ခတွေကို ပိုမိုအရှိန်မြင့်လာစေနေကြောင်းတွေ့ရှိရပါတယ်။
Loki ရေးသည်။
0 Comments